ဦးမင်းအောင်လှိုင် အိန္ဒိယခရီးစဥ်နဲ့ အပြိုင် SCEF ရဲ့ ကနေဒါ ခရီးစဥ်
ဇွန် ၃ – ၂၀၂၆ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိန္ဒိယဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက် အရ သမ္မတ အဖြစ် ဦးမင်းအောင်လှိုင် က အိန္ဒိယကို သွားရောက်ခဲ့ချိန်မှာပဲ တော်လှန်ရေး အင်အားစုတွေရဲ့ မဟာမိတ် တပ်ပေါင်းစု တခုဖြစ်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကိုယ်စားလှယ်တွေဟာလည်း ကနေဒါနိုင်ငံကို သွားရောက်ပြီး ကနေဒါ အစိုးရ နဲ့ လွှတ်တော် က တာဝန်ရှိသူတွေနဲ့ မြန်မာ့ အရေး တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ SCEF ဘက်က SCEF ဖွဲ့စည်းရခြင်း အကြောင်းနဲ့ လုပ်ငန်းဆောင်ရွက်နေမှု အပါအဝင် မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ကနေဒါ ဘက်က မြန်မာပြည်သူတွေနဲ့ အတူ
