ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးကျင်းပ၊ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF က ခူဦးရယ် တက်ရောက်
ဇွန် ၁ – ၂၀၂၆ ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးကို ဒီကနေ့ မနက် ၁၀ နာရီမှာ အွန်လိုင်းကနေ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားပါတယ်။ အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈၄) ဦး တက်ရောက်တဲ့ အတွက် အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ၆၅.၂၅ ရာခိုင်နှုန်း တက်ရောက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် နဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလတို့က မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဖက်ဒရယ် ဦးဆောင်ကောင်စီ SCEF က အလှည့်ကျ သဘာပတိ ခူဦးရယ်တို့က အမှတ်တရ စကားတွေ ပြောကြားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး က “အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းခံထားရသော
