နောက်ဆုံးရက်ပြီးမှ ကိုယ်စားလှယ်လောင်း ၅၃ ဦး ထပ်တိုး ကြောင်း UEC ထုတ်ပြန်
အောက်တိုဘာ ၁ – ၂၀၂၅ ကိုယ်စားလှယ်လောင်း တင်သွင်းရက် နောက်ဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက် နောက်မှာ စာရင်းရောက်ရှိလာတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦး ကို ထပ်တိုး စာရင်းသွင်း ပေးကြောင်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်း ၁ ဦးကို ပြန်ရုပ်သိမ်းကြောင်း စာရင်း လည်း ရောက်ရှိလာတဲ့ အတွက် ရုပ်သိမ်းပေးခဲ့ပြီး စာရင်းကနေ ထုတ်ပယ် ခဲ့တယ်လို့ ဆိုပါတယ်။အကြောင်းကတော့ အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် အခုလို ၂၂ ရက်နောက်ပိုင်းမှ ဝင်လာတဲ့ စာရင်းတွေကို ထည့်သွင်း ပြင်ဆင် ပေးခဲ့ တာလို့ ဆိုပါတယ်။