ပါလက်စတိုင်းအရေး လှုပ်ရှားမှုကို တားမြစ်ထားတဲ့ကြားက လန်ဒန်မြို့လယ် ဆန္ဒပြပွဲ လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ
အောက်တိုဘာ ၅ – ၂၀၂၅ ယူကေမှာ ပါလက်စတိုင်း အရေးလှုပ်ရှားမှုကို ပိတ်ပင်ထားတဲ့ကြားက မနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ လန်ဒန်မြို့လယ် Trafalgar Square ရင်ပြင်မှာ ပါလက်စတိုင်း ထောက်ခံ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ ရဲက လူပေါင်း ၄၉၂ ဦးကို ဖမ်းဆီးသွားပါတယ်။ ဆန္ဒပြသူတွေက အခုလို ပါလက်စတိုင်း အရေးလှုပ်ရှားမှု ပိတ်ပင် ထားချက် ကို ပြန်ရုပ်ရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဓါတ်ပုံ – getty