ဧပြီ ၂၅ – ၂၀၂၆
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင် ဒေသမှာ စစ်တပ်ဘက်က ၂ နှစ်ကျော်ကြာ တပ်စွဲထားတဲ့ ဘိုးဒါးကျေးရွာ စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းယူလိုက်ကြောင်း KNU က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီစခန်းကို ဧပြီလ (၂၀) ရက်နေ့ ကစလို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနေ့ ဧပြီ (၂၄) ရက်နေ့ ညနေ ၃ နာရီမှာတော့ စစ်တပ်ဘက်က အားလုံး ထွက်ပြေး သွားပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
