ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇) ဌာနချုပ် ခွင်ကို စစ်တပ်ကနေ အသေခံ ဒရုန်း (၇) စင်း နဲ့ တိုက်ခိုက်ခဲ့ကြောင်း သိရ ပါတယ်။
မနက် ၃ နာရီလောက်အချိန်မှာ မဲသဝေါဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေ ဖြစ်ပြီး ဒရုန်း ၅ စင်းက ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် လူတဦး ထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး ဆိုင်ကယ်နဲ့ ပျက်စီးမှု တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Photo: CJ / KIC
—————————
THN Public Media
