NCA ၁၀ နှစ်ပြည့် အခမ်းအနား မတက်ကြဖို့ တိုက်တွန်းချက်ကို KNU အပါအဝင် တိုင်းရင်းသား ၆ ဖွဲ့ ပူးတွဲထုတ်ပြန်
အောက်တိုဘာ ၁၃ – ၂၀၂၅ နေပြည်တော်မှာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပမယ့် တနိုင်ငံတိုက်ခိုက်မှု အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနား ကို မတက်ရောက်ဘဲ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်တွေကို NCA လက်မှတ်ထိုး ၆ ဖွဲ့ကနေ တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုဟာ NCA ကို ဖျက်ဆီးလိုက်တာ ဖြစ်ပြီး အကောင်အထည်ဖေါ်မှု လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းသွားကာ စက္ကူစုတ် တခု ဖြစ်သွဦးပြီလို့ ဖေါ်ပြထားပါတယ်။ စစ်ကော်မရှင် ဘက်တော့ NCA ၁၀ နှစ်မြောက်အတွက် NCA လက်မှတ်ထိုး အဖွဲ့တွေရော မက်မှတ်မထိုး