TNLA နဲ့ စစ်တပ် အပစ်ရပ်၊ မိုးကုတ် နဲ့ မိုးမိတ်ကို စစ်တပ်လက် ပြန်အပ် ရမယ်
အောက်တိုဘာ ၂၉ – ၂၀၂၅ (အားတီ) TNLA တအာင်းအဖွဲ့နဲ့ စစ်တပ်အကြား အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပြီး ၊ အပစ်ရပ်သဘောတူညီချက် အရမိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို စစ်တပ်လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်တဲ့ (၉) ကြိမ်မြောက် အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။ ၉ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇-၂၈
