War နိုင်ငံရေး

သီပေါ ကို စစ်တပ် ပြန်ထိန်းချုပ်တဲ့အပေါ် TNLA ပြောခွင့်ရ လွေယေဦး ပြောကြားချက်

—————— “ကျောက်မဲနဲ့ သီပေါမှာ SSPP ဘက်က စစ်ကောင်စီကို ကူညီပေးနိုင်တာ ရှိတော့ ကျွန်မတို့ စခန်းတွေ စစ်ကောင်စီက အမြန်ထိုးဖောက် ဝင်ရောက် နိုင်တာ ရှိတယ်။ သီပေါကို ကြည့်မယ့်ဆိုရင် ကျွန်မတို့က ကျင်သီမှာရော ဘော်ကြိုမှာရော ခံစစ်အနေနဲ့ ပြင်ထားတာရှိတယ်။ ဒါပေမယ့် စစ်ကောင်စီက SSPP ထိန်းချုပ်ထားတဲ့နေရာကနေ သွားလာခွင့် ရပြီးတော့ ကျွန်မတို့က စိန်ခေါ်မှုတွေ ရှိပြီးတော့ စစ်ကောင်စီ က အသာစီး ရတာမျိုးတွေ ရှိပါတယ်” ———— Crd – Shwe Phee Myay News Agency ————————— THN Public Media

Read More
War နိုင်ငံရေး ပြည်တွင်း

ရှမ်းမြောက်ဒေသ သီပေါကို စစ်တပ် ပြန်ထိန်းချုပ်

အောက်တိုဘာ ၁၇ -၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ သီပေါမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဓာတ်ပုံတွေ နဲ့ ဖေါ်ပြထားတာ ကို တွေ့ရပါတယ်။ စစ်တပ်က မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း ကတည်းက သီပေါ ကို ဝင်ရောက် ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်တပ် သီပေါ မြို့ထဲ ဝင်ပြီ။ ည ၈ နာရီဝန်းကျင်လောက်က စစ်တပ် ဝင်လာတာ သေချာတယ်ဆိုတာ သိရတာ” လို့ သီပေါ မြို့ခံ တယောက်က ပြောပါတယ်။ မနေ့ ညနေပိုင်း ၃ နာရီခွဲ လောက်မှာ ရဲစခန်း၊ ထွေအုပ်ရုံး၊

Read More
နိုင်ငံရေး ပြည်တွင်း

သီပေါမှာ ဌာနဆိုင်ရာ ရုံးတချို့ မီးရှို့ခံရ

အောက်တိုဘာ ၁၇ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သီပေါမြို့ ထဲက ဌာနဆိုင်ရာ ရုံးတချို့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း က မီးရှို့ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါမြို့ထဲ သီပေါ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌တွေမှာ လောက်မီးလောင်တယ်။ နာရီဝက် လောက်ပဲ လောင်တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးက နေအိမ်တွေနဲ့ ကပ်နေတာကြောင့် တချို့ လူတွေ သွားငြိမ်းကြတာ ရှိသလို မိုးလည်းရွာလာတော့ မီးလောင် နေတာတွေ ပြန်ငြိမ်းသွားတယ်လို့ သူက ပြောပါတယ်။ “ရှို့မီးပါ။ ဘယ်ဘက်က ရှို့လဲမသိဘူး။

Read More
နိုင်ငံရေး ပြည်တွင်း

‘’ငါ့လှေငါထိုး ပဲခူးရောက်ရောက်‘’ စိတ်မမွေးကြဖို့ အပါအဝင် စစ်ကော်မရှင် ဥက္ကဌ ရဲ့ NCA ၁၀ နှစ်ပြည့် အဓိက ပြောကြားချက်များ

အောက်တိုဘာ ၁၇ – ၂၀၂၅ အောက်တိုဘာ ၁၅ ရက်နေ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် နေပြည်တော် အခမ်းအနား မှာ စစ်ကော်မရှင် ဥက္ကဌ ရဲ့ အဖွင့်မိန့်ခွန်းပြောကြားချက်တွေထဲက အဓိက အချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။ – ‘’နွားကွဲရင်ကျားဆွဲတတ်တယ်’’ ‘’ငါ့လှေငါထိုင်း ပဲခူးရောက်ရောက်‘’ စိတ်မမွေးကြဖို့ နဲ့ ‘’ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်’’ ဆိုတာ အလေးထားဖို့လိုတယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို ရည်ညွှန်းပြောကြား။ ——————— ၂၀၂၁ အာဏာသိမ်းပြီး NCA ၇ ဖွဲ့ နဲ့ NCA မထိုးရသေးတဲ့ ၃ ဖွဲ့ အပါ အဝင် နိုင်ငံရေးပါတီတွေနဲ့ ၂၀၀၈ ခြေဥ ပြင်နိုင်ရေး ၄၃

Read More
နိုင်ငံတကာ နိုင်ငံရေး

စစ်တပ်က အာဏာထိန်းချုပ်တာ အပါအဝင် အချက် ၅ ချက် ကြောင့် NCA မဆောင်ရွက်နိုင်ကြောင်း NCA ၁၀ နှစ်ပြည့်အတွက် RCSS ထုတ်ပြန်

အောက်တိုဘာ ၁၆ – ၂၀၂၅ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အတွက် NCA လက်မှတ်ထိုး တိုင်းရင်းသား EAO တဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ တပ်မတော် က တိုင်းပြည်အာဏာကို ထိန်းချုပ်မှု နဲ့ အစိုးရက EAO တွေကို ၂၀၀၈ ခြေဥ အောက် ရောက်ရှိရေး ဖိအားပေး လုပ်ဆောင်တာ အပါအဝင် အချက် ၅ ချက်ကြောင့် ဖြစ်ကြောင်း ထောက်ပြထားပါတယ်။ ဒီအတွက် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေ အောင်မြင်ရေး အတွက် တပ်မတော် အနေနဲ့ EAO တွေနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း အပါအဝင်

Read More
နိုင်ငံရေး ပြည်တွင်း

မန္တလေး – သပိတ်ကျင်း- မိုးကုတ်သွား ဖော့တောလမ်းဆုံ ကို စစ်တပ် ပြန်ထိန်းချုပ်

အောက်တိုဘာ ၁၆ – ၂၀၂၅ သပိတ်ကျင်းမြို့နယ် က မန္တလေး – သပိတ်ကျင်း- မိုးကုတ်သွား လမ်းဆုံ ဖြစ်တဲ့ ဖော့တော လမ်းဆုံ ကို စစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြန်ထိန်းချုပ်ခဲ့ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဖေါ်ပြထားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

လူ့အခွင့်အရေးကောင်စီ ရဲ့ မြန်မာနိုင်ငံအစီရင်ခံစာတွေ အပေါ် မြန်မာစစ်ကော်မရှင် ကန့်ကွက်ပယ်ချ

အောက်တိုဘာ ၁၅ – ၂၀၂၅ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ (၆၀) ကြိမ်မြောက် အစည်းအဝေး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေနဲ့ အစီရင်ခံစာတွေ အပေါ် မြန်မာစစ်ကောင်စီက ကန့်ကွက် ပယ်ချ လိုက်ပါတယ်။ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီအရင်ခံစာ နဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား တို့ရဲ့ ဆွေးနွေးချက်တွေဟာ စိစစ်အတည်ပြုနိုင်ခြင်း မရှိတဲ့ အချက်အလက်တွေ အများအားဖြင့် အသုံးပြုထားပြီး မြန်မာအစိုးရ အပေါ် ထပ်တလဲလဲ စွပ်စွဲချက်တွေသာ ဖစ်တယ်လို့

Read More
နိုင်ငံရေး ပြည်တွင်း

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၊ စစ်ကော်မရှင် ဥက္ကဌ နဲ့ နေပြည်တော်မှာတွေ့ဆုံ

အောက်တိုဘာ ၁၄ – ၂၀၂၅ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း က စစ်ကော်မရှင် ဥက္ကဌကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ NCA ၁၀ နှစ်ပြည့် အခမ်းအနား အကြောင်း ဒီဇင်ဘာ ရွေးကောက်ပွဲ အကြောင်းတို့ကို စစ်ကော်မရှင် ဥက္ကဌ က ရှင်းလင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံအပြီး မစ္စတာ တိန့်ရှီကျွင်း ကို ရွေးကောက်ပွဲ မဲထည့်စက်ကို လိုက်လံ ပြသခဲ့ပြီး မဲပေးပုံ ရှင်းပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

Read More
War နိုင်ငံရေး

AA ထိန်းချုပ်ဒေသချို့ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အတွက် စစ်ရေးသတိရှိကြဖို့ AA ထုတ်ပြန်

အောက်တိုဘာ ၁၂ – ၂၀၂၅ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တချို့ကို စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်နေပြီး၊ စစ်သင်္ဘောတွေနဲ့ ပင်လယ်ပြင်ကနေ ရမ်းသန်းပစ်ခတ်နေတဲ့ အတွက် စစ်ရေး သတိ ရှိကြဖို့ကို AA က အောက်တိုဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း) တို့မှာလည်း စစ်တပ်ရဲ့ ထိုးစစ်ကို တန်ပြန်ထိုးစစ် ဆင်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွား ဖြစ်ပွားနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ နှစ်ဘက်စလုံး အတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ (၅) ခုမှာ အပြန် အလှန်

Read More