The Strait of Hormuz

နိုင်ငံတကာ နိုင်ငံရေး

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ပေးဖို့ ထရမ့် ဆဲဆိုကြိမ်းမောင်း

ဧပြီ ၅ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်နိုင်ငံကို လူမှုကွန်ရက် ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။ အခုဖော်ပြမယ့် ထရမ့်ရဲ့ ပို့စ်မှာ တချို့သူတွေ အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဆဲဆိုရိုင်းပျတဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်နေတာကို သတိပေးချက် အနေနဲ့ ပြောလိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ဆဲဆိုကြိမ်းမောင်းပြီး ခြိမ်းခြောက်စာ တစောင်ကို ရေးသားခဲ့တာပါ။ အဲဒီအထဲမှာတော့ အီရန်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ရည်ညွှန်းထားသလို၊ တကယ်လို့ အလွန်အရေးပါတဲ့ ဒီရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကိုသာ မဖွင့်ပေးဘူးဆိုရင် အီရန်နိုင်ငံဟာ

Read More
War နိုင်ငံတကာ နိုင်ငံရေး

အီရန်စစ်ပွဲ ရည်မှန်းချက်တွေ “ပြီးလုနီးပါး ဖြစ်နေပြီ” လို့ ထရမ့်ကြေညာ

ဧပြီ ၂ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေ ရုပ်သံ မိန့်ခွန်း ပြောကြားရာမှာ အီရန်နိုင်ငံတွင်းက သူတို့ရဲ့ အဓိက “ရည်မှန်းချက်တွေဟာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ” လို့ ပြောကြားလိုက်ပါတယ်။ အီရန်စစ်ပွဲ မကြာခင်မှာပဲ အပြီးသတ်တော့မယ် လို့လည်း ပြောကြားသွား ပါတယ်။ မိနစ် ၂၀ ခန့်ကြာတဲ့ ဒီမိန့်ခွန်းမှာ ဟော်မုဇ်ရေလက်ကြား သင်္ဘော သွားလာမှု လုံခြုံရေး အတွက် မဟာမိတ်တွေ အနေနဲ့ သတ္တိရှိရှိ တာဝန်ယူ ဖို့ ထရမ့်က တိုက်တွန်းခဲ့ပြီး အမေရိကန် အနေနဲ့ ဒီလမ်းကြောင်းကို မလိုအပ်ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းအပြီး မှာတော့ ကမ္ဘာ့ရေနံ စျေးနှုန်းဟာ တစည်ကို ၁၀၅ ဒေါ်လာ

Read More
နိုင်ငံတကာ နိုင်ငံရေး

ဟော်မုဇ်က ရေနံတွေ ကိုယ့်ဘာသာသွားယူကြ လို့ ထရမ့်က ယူကေ နဲ့ တခြားနိုင်ငံတွေကို ပြောဆို

မတ်လ ၃၁ – ၂၀၂၆ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယူကေ အပါအဝင် တခြားနိုင်ငံတွေကို ဟော်မုဇ်ရေလက်ကြား က ရေနံကို ကိုယ့်ဘာသာကိုယ် သွားယူကြ ဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ အုပ်ချုပ်ရေးယန္တရားကို တိုက်ခိုက်ဖြိုချရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ နိုင်ငံတွေ ကို ရည်ညွှန်းပြီး “ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် ဘယ်လို တိုက်ရလဲဆိုတာ စပြီး သင်ရတော့မယ်၊ ခင်ဗျားတို့ ကျွန်တော်တို့ ဘက်မှာ မရှိခဲ့သလို အမေရိကန် ကလည်း ခင်ဗျားတို့ကို ကူညီဖို့ ရှိနေမှာ မဟုတ်တော့ဘူး” လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ “လာမယ့်ရက်တွေဟာ

Read More
War နိုင်ငံတကာ နိုင်ငံရေး

ဖြစ်နိုင်ခြေ မြေပြင်တိုက်ပွဲ အတွက် အီရန်ဘက်က တိုက်ခိုက်ရေးသမား ၁ သန်း ပြင်ဆင်ထား

မတ်လ ၂၈ – ၂၀၂၆ အီရန်နိုင်ငံကို အမေရိကန်က ခြေလျင်စစ်ပွဲ ဆင်နွှဲလာမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာပဲ လို့ အီရန်ဘက်က တုံ့ပြန်လိုက်ပြီး အဲဒီစစ်ပွဲကို ရင်ဆိုင်ဖို့ အတွက် တိုက်ခိုက်ရေးသမား တသန်းကို စုစည်း ပြင်ဆင်ထားကြောင်း ကြေညာလိုက်ပါတယ်။ တီဟီရန် အစိုးရဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်း နီးပါး ထွက်တဲ့ ဗျူဟာမြောက် Kharg ကျွန်းကို ကာကွယ်ဖို့ အတွက် အထူး အလေးပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အမေရိကန် ကနေ အီရန်ရဲ့ တောင်ဘက် စစ်မျက်နှာ ကနေ မြေပြင် တိုက်ပွဲ ဆင်နွှဲမှုတွေ လုပ်လာ နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ် နေချိန်မှာပဲ အီရန်ကြည်းတပ်

Read More
War နိုင်ငံတကာ

အီရန်စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှု အပြုသဘောဆောင်၊ အီရန်စွမ်းအင်စက်ရုံတွေကို တိုက်မယ့်အစီအစဥ် ရွှေ့ဆိုင်းကြောင်း ထရမ့်ပြော

မတ်လ ၂၃ – ၂၀၂၆ သမ္မတ ထရမ့်က အီရန်စစ်ပွဲအဆုံးရေး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် အီရန်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောကြားလိုက် ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက တိုက်ခိုက်မှု အပြီးတိုင် အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ထရမ့်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အနေနဲ့ အီရန် ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ စျေးနှုန်းတွေဟာ ချက်ချင်းဆိုသလို ပြန်လည် ကျဆင်းသွားပါတယ်။ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဥ်ကို ၅ ရက်ကြာ ရွှေ့ဆိုင်းမှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ စနေနေ့ညက

Read More
အင်တာဗျူး

အီရန်စစ်ပွဲ နဲ့ ဟော်မုဇ်ရေလက်ကြား အရှုံးအနိုင် အဖြေထွက်မလား ပညာရှင် အဆင့် သုံးသပ်ချက် – ဒေါက်တာမင်းဇော်ဦး

” ဒီလိုအကန့်အသတ်နဲ့ တုန့်ပြန်နိုင်တုန်းမှာ ဦးချိုးထားဆိုတဲ့… အစိုးရပါ ပြောင်းသွားအောင် လုပ်ပစ်လိုက်ဆိုတဲ့…’’ ‘’အဲဒီအတွက် ပေးဆပ်ရမယ့် ကုန်ကျစရိတ်က… ကမ္ဘာ့စီးပွားရေး တခုလုံးကို ရိုက်ခတ်အောင်လုပ်မယ်ဆိုတဲ့…’’ ‘’နွံထဲတိုးတဲ့ကျားကို နွံပိုနစ်အောင်… လုပ်တဲ့…’’ ဒေါက်တာမင်းဇော်ဦး (နိုင်ငံတကာလုံခြုံရေး လေ့လာသုံးသပ်သူ) ———- အီရန်ကို နျူကလီးယား လက်နက်မရှိစေရေး နဲ့ အာဏာရှင် အစိုးရ အပြေင်းအလဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့မှု ဟာ သီတင်းပတ် ၄ ပတ်ထဲရောက်ရှိလာပေမယ့် အရှုံးအနိုင် အဖြေမထွက်နိုင်ပဲ ဖြစ်နေပါတယ်။ ဒီစစ်ပွဲရဲ့ သက်ရောက်မှုဟာ တကမ္ဘာလုံး ရေနံစျေးတွေ တက်ပြီး ကမ္ဘာလုံး ဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီတော့ အီရန်စစ်ပွဲ ဘယ်လို အဆုံးသတ်မှာလဲ… အရှုံးအနိုင် အဖြေပေါ်မှာလား… အမေရိကန် အစ္စရေးတို့

Read More
နိုင်ငံတကာ သတင်း

အမေရိကန်က အီရန်စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ရင် ‌ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်ပစ်မယ်

မတ်လ ၂၂ -၂၀၂၆ အမေရိကန်က အီရန်ရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို “အပြီးတိုင် ပိတ်ပစ်မယ်” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ပြန်လည် တုံ့ပြန် ကြေညာလိုက်ပါတယ်။ အီရန်အစိုးရပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ခဲ့တဲ့ အဲဒီ ထုတ်ပြန်ချက်မှာ အမေရိကန်ဘက်က အီရန်ရဲ့ စွမ်းအင်ကဏ္ဍတွေကို ထိပါး လာတာနဲ့ တပြိုင်နက် ဟော်မုဇ်ရေလက်ကြားကို လုံးဝဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့သွားမှာ ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အတိအလင်း သတိပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ သမ္မတ ထရန့်က ၄၈ နာရီအတွင်း ရေလက်ကြားကို ပြန်မဖွင့် ပေးရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ချေမှုန်းပစ်မယ်လို့ ရာဇသံပေးခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ ကြေညာချက် ဖြစ်ပါတယ်။ ထရမ့်ပေးထားတဲ့ ရာဇသံ

Read More
နိုင်ငံတကာ သတင်း

ထရမ့်ရဲ့ ရာဇသံ ကို အီရန်တုန့်ပြန် – ပင်လယ်ကွေ့ ဒေသက အမေရိကန် နဲ့ ဆက်နွယ်နေတဲ့ စွမ်းအင်နေရာတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

မတ်လ ၂၂ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၄၈ နာရီ ရာဇသံ ကို အီရန် ဘက်က လည်း ပင်လယ်ကွေ့ ဒေသတွင်းက အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ စွမ်းအင် ကဏ္ဍ တွေကို အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ပြန်လည် ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။ အီရန်ပါလီမန် ဥက္ကဋ္ဌ Mohammad-Bagher Ghalibaf က တကယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်လာမယ် ဆိုရင် ပင်လယ်ကွေ့ဒေသ တစ်လျှောက် မှာ ရှိတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ပြန်လည် ပြုပြင်လို့ မရနိုင်အောင် အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် ပြောဆို

Read More