THN Public Media Blog သတင်း နိုင်ငံရေး ကိုမုန်တိုင်းနဲ့ ကိုနိုင်းကြီးတို့ ကို MOD က ဇာတ်လမ်းဆင် စွပ်စွဲ ထုတ်ပြန်တာ ဖြစ်ကြောင်း MDY Truth တုန့်ပြန်၊ ကာမပိုင် အမျိုးသမီး နဲ့ ဖေါက်ပြန်တာ လုံးဝ မမှန်ကြောင်း အခိုင်အမာ ငြင်းဆို
နိုင်ငံရေး

ကိုမုန်တိုင်းနဲ့ ကိုနိုင်းကြီးတို့ ကို MOD က ဇာတ်လမ်းဆင် စွပ်စွဲ ထုတ်ပြန်တာ ဖြစ်ကြောင်း MDY Truth တုန့်ပြန်၊ ကာမပိုင် အမျိုးသမီး နဲ့ ဖေါက်ပြန်တာ လုံးဝ မမှန်ကြောင်း အခိုင်အမာ ငြင်းဆို

ဇွန် ၁၃ – ၂၀၂၆

NUG MOD ကနေ မန္တလေး PDF ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီး တို့နဲ့ ပတ်သက်တဲ့ ၁၆ ချက်ပါ စုံစမ်းစစ်ဆေးချက် ထုတ်ပြန်လိုက်တဲ့ အပေါ် MDY Truth ကနေ ဒါဟာ MOD က ဇာတ်လမ်းဆင် စွပ်စွဲ ထုတ်ပြန်တာ ဖြစ်ကြောင်း နဲ့ ရဲဘော်မုန်တိုင်း ကာမပိုင်အမျိုးသမီး နဲ့ ဖေါက်ပြန်တာ လုံးဝ မမှန်ကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

MDY Truth ဖေ့စ်ဘွတ် ပေ့ချ် ဟာ ကိုမုန်တိုင်း နှင့် ကိုနိုင်ကြီး လွတ်မြောက်ရေး အတွက် ရည်ရွယ် ဖွင့်လှစ်ထားတဲ့ Page ဖြစ်ကြောင်း သိရပါတယ်။ ’

#MDY Truth ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ

———————–

“ကနဦးထုတ်ပြန်ချက်”

MOD ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့မနက် ကိုမုန်တိုင်းနှင့် ကိုနိုင်းကြီးတို့အား စွပ်စွဲပြစ်တင်ထားသည့် ၄င်းတို့ စိတ်ကြိုက် ဇာတ်လမ်းဆင်ရေးသားထားသည့် အချက်(၁၆)ချက်ပါ ထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်လာသည်ကို တွေ့ရှိရပါသည်။

၄င်းစာပါ အချက်လက်များသည် မြေပြင်အခြေနေများ လက်တွေ့ဖြစ်ရပ်များနှင့် လုံးဝကွာခြားဆန့်ကျင်နေသည်ကို တွေ့ရှိရပါသည်။

ထိုစွပ်ဆွဲချက်တွင်

(၁) ကာမပိုင်အမျိုးသမီးနှင့် ဖောက်ပြန်ပါသည်ဟု ထပ်မံ စွပ်စွဲ တံဆိပ်ကပ်လာခြင်းပါရှိသည်ကိုတွေ့ရှိရသည်။၄င်းကိစ္စမှာလဲ လုံးဝ မမှန်ကန်ကြောင်း အခိုင်အမာ မိဘပြည်သူများအားတင်ပြလိုပါသည်။

(၂)ရွှေကိစ္စဆိုလျှင်လည်း ၄င်းတို့ အား အရေးယူသည့်အချိန်ထိ ပြန်လည်အပ်နှံခြင်းမရှိခြင်း ဆိုသည့် အချက်မှာလည်း ၄င်းတို့ MOD တာဝန်ရှိသူများကိုယ်တိုင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေခိုက်တွင် ရုတ်တရက် ဝင်ရောက်ဖမ်းဆီးကြပြီး မိသားစုနှင့်ပင် ဆက်သွယ်မှု မပေးသည့်အတွက် ရွှေ(၁၆)ပိဿာ ကိစ္စကြောင့်ဖမ်းသည်ဆိုလျှင် အင်မတန်မှ အရေးကြီးသည့် လျှို့ဝှက်အပ်သည့် ” စစ်ဘက်ဆိုင်ရာကိစ္စများအတွက်” မိမိတို့ မဟာမိတ်များထံ အပ်နှံထားကြောင်းအား မဟာမိတ်အကြီးကဲများမှ ဦးရည်မွန်၊Drတေဇာဆန်းနှင့် လောက်ကိုင်တွင်နေထိုင်လျှက်ရှိသော Dr ဟိန်းဇင်ထွန်းတို့အား အကြိမ်ကြိမ်ပြောဆိုပြီးဖြစ်သည်ဟု မိမိတို့အနေဖြင့် အခိုင်အမာပြောကြားလိုပါသည်။

(၃)သက်သေ(၂၀)ဦး ဆိုရာ၌ ၄င်းသက်သေများသည် စိုးသူရဇော်၏ လုပ်ကြံသက်သေများဖြစ်သည်ကိုလည်း ပြောလိုပါသည်။

(၄)ကိုမုန်တိုင်း ၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆက်နွယ်နေသူများ အားလုံးနီးပါးအား နည်းမျိုးစုံသုံး၍ အမှုဆင်ဖမ်းဆီးနေမှုများကြောင့် ယခုအခါ တပ်မဆိုသည့် အခင်းကျင်းတွင် မည်သူမျှ နေ၍ မရသော ကြောင့် အားလုံး ရှောင်တိန်းနေရသည်ကို သတိမူစေလိုပါသည်။ ထိုသို့ ရှောင်တိမ်း နေရသူများထဲတွင် တပ်တည်ထောင်စဥ် ကိုမုန်တိုင်းနှင့်အတူ ပါဝင်ခဲ့ကြသည့် စစ်ဦးစီးအဖွဲ့ဝင်များကိုယ်တိုင်ပင်ဖြစ်ပါသည်။

စစ်ရေးအရ သဘောထားကွဲကြခြင်းအား ဖုံးကွယ်၍ ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးအား စစ်ရေးပြိုင်ဘက်များအဖြစ် သတ်မှတ်ကာ အပြတ်ရှင်း လိုကြသည်မှာ ယခု ထုတ်ပြန်ချက်အားကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ယခု MOD မှထုတ်ပြန်ချက်များအား အသေးစိတ်ပြန်လည်၍ အချက်လက်နှင့် တကွ ဆက်လက်၍ အသေးစိတ် ထပ်မံ ထုတ်ပြန် ချပြသွားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးလိုပါသည်။

မိမိတို့အဖွဲ့သားများအနေဖြင့် တော်လှန်ရေးအောင်မြင်ရေးကိုသာ ရှေ့ရှု၍ လုပ်ကိုင်လိုပါသည်။သို့ပါသော်လည်း MOD သည် အမျိုးသားညီညွတ်ရေး အစိုးရတစ်ခုလုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေပဲ Dr တေဇာဆန်းနှင့် အပေါင်းပါတစ်စုမှ အုပ်စုဖွဲ့ ချုပ်ကိုင်ထားခြင်းကြောင့် တော်လှန်ရေးကိစ္စ ရပ်များ နှောင့်နှေးကြန့်ကြာကာ အဆိုးဘက်သို့ ဦးတည်စေခဲ့သည်ကို ကိုမုန်တိုင်းဖြစ်စဥ်မှ တဆင့် ဖော်ထုတ်ရှင်းပြသွားပါမည်။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုခြင်းမဟုတ်ပါ သို့သော် တော်လှန်ရေးအောင်မြင်စေရေးအတွက် ၄င်းပုဂ္ဂိုလ်များမှ ဖျက်မျဥ်းဖြစ်လာခဲ့သည့်အတွက် မိမိတို့အဖွဲ့သားများမှ ထုတ်ဖော်ရေးသားရခြင်းဖြစ်ပါသည်။

မိမိတို့အဖွဲ့သားများသည် NUG အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်ခိုက်ဖြိုခွဲနေခြင်းမဟုတ်ပဲ MOD ဌာနတစ်ခုအတွင်း ဖြစ်ပျက်နေသည့် လူမှုရေးခြစားမှုများ/အာဏာခြစားမှု များအား ထုတ်ဖော်နေသည်ကို ရိုသေလေးစားစွာဖြင့် အသိပေးအပ် ပါသည်။ စစ်ဘက်ဆိုင်ရာ အချက်လက်များ လျို့ဝှက်ချက်များလည်း ပါလာနိုင်သည်ကို အသိပေးအပ်ပါသည်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version