ဇွန် ၁၃ – ၂၀၂၆
ကာတာ အသင်းဟာ ၁ ဂိုးနဲ့ ရှုံးနိမ့်တော့မယ့် အခြေအနေမှာ နာကျင်ချိန်ပို ရောက်လို့ ၉၅ မိနစ် အချိန်မှာ ချေပဂိုး ကို လှလှပပ သွင်းယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ပွဲစဥ်တွေမှာ ပထမဆုံး အကြိမ် ၁ မှတ် ရယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။
ပွဲသိမ်းခရာ မှုတ်ခါနီ ၁ မိနစ်အလို ဘယ်တောင်ပံကနေ Al-Amin ဆွဲယူလာတဲ့ ဘောကို ဆွစ်ဇာလန် ဂိုးရှေ့ ဖြတ်တင်လိုက်ရာမှာ B. Khoukhi က အမြင့်ခုန်ပြီး မနားတမ်း ခေါင်း တိုက်သွင်းယူလိုက်တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန် အသင်းက တချိန်လုံး ကစားကွက် အသာနဲ့ ဖိကစားနေခဲ့ပြီး ပထမပိုင်း ၁၇ မိနစ်မှာ ပင်နယ်တီ ကနေ ၁ ဂိုး ရရှိထားတာ ဖြစ်ပါတယ်။
ဂိုးသွင်းခွင့်တွေ အကြိမ်အတော်များများ ရရှိခဲ့ပေမယ့် ဂိုးသွင်း မသေချာမှု တွေနဲ့ ကာတာ တို့ရဲ့ တသင်းလုံး ခုံခံကာကွယ်မှုကြောင့် တဂိုး နဲ့တင် နောက်ဆုံးမှာ သရေကျခဲ့ရတာပါ။
ဒီပွဲကို အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ကစားခဲ့ ကြတာ ဖြစ်ပါတယ်။
အုပ်စု B က ဖြစ်တဲ့ ကာတာ နဲ့ ဆွစ်ဇာလန် တို့ နဲ့အတူ ကနေဒါ နဲ့ ဘော့စနီးယား ဟာဇီကိုဗီးနီးယားတို့လည်း သရေကျထားထားကြောင့် အားလုံး ၁ မှတ်စီနဲ့ ညီတူညီမျှ ရှိနေကြပါတယ်။
—————————
THN Public Media
