THN Public Media Blog သတင်း နိုင်ငံတကာ ကိုယ်နာမည်ကြီးဖို့ပဲ အာရုံစိုက်ပါ လို့ ထရမ့်ကို အီတလီဝန်ကြီးချုပ်ပြော
နိုင်ငံတကာ

ကိုယ်နာမည်ကြီးဖို့ပဲ အာရုံစိုက်ပါ လို့ ထရမ့်ကို အီတလီဝန်ကြီးချုပ်ပြော

ဇွန် ၂၁ – ၂၀၂၆

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ က “ကျွန်မ လူသိများတာ ရှင့်အလုပ် မဟုတ်ပါဘူး၊ ရှင့်ကိုရှင်ပဲ အာရုံစိုက်ဖို့ ကျွန်မ အကြံပြုချင် ပါတယ်” လို့ ထရမ့်ကို Instagram ကနေ တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ထရမ့်က အီတလီဝန်ကြီးချုပ်ဟာ သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အတွက် “ခဏခဏ” တောင်းဆိုခဲ့တယ်လို့ ထပ်ခါတလဲလဲ ပြောဆိုနေတဲ့ အပေါ် အခုလို မီလိုနီက တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီး အစည်းအဝေး အတွင်း မီလိုနီက ဓာတ်ပုံတွဲရိုက်ဖို့ အတွက် “အသနားခံခဲ့ပါတယ်” ဆိုတဲ့ ထရမ့်ရဲ့ ကနဦး စွပ်စွဲချက် အပေါ် သူမ အနေနဲ့ အလွန် အံ့အားသင့်မိတယ်လို့ မီလိုနီက ပြောပါတယ်။

နောက်ပြီး သမ္မတထရမ့်က “သူမရဲ့ လူသိများတဲ့ အခြေအနေက အီတလီ မှာ သိပ်မကောင်း လှဘူး” လို့ စနေနေ့က ပြောဆိုခဲ့ပါသေးတယ်။

မီလိုနီ ကတော့ သူမရဲ့ Instagram စာမျက်နှာပေါ်က ထုတ်ပြန်ချက်မှာ ထရမ့်ရဲ့ “အကြောင်းပြချက်မရှိဘဲ စဉ်ဆက်မပြတ် တိုက်ခိုက်နေမှုတွေ” ဟာ “အဓိပ္ပာယ်မရှိဘူး” လို့ ပြောပါတယ်။

“ရှင်နဲ့ မိတ်ဆွေ ဖြစ်ရတာက ကျွန်မရဲ့ နာမည်ကြီးမှုကို ဘာ အထောက် အကူမှ မပြုခဲ့သလို၊ ကျွန်မရဲ့ ရေပန်းစားမှုဟာလည်း ရှင်နဲ့ပတ်သက်တဲ့ ဆက်ဆံရေး အပေါ်မှာ မူတည်မနေပါဘူး” လို့ မီလိုနီက ဆိုပါတယ်။

စနေနေ့ အစောပိုင်းတုန်း ကလည်း ထရမ့်က အီရန်မှာရှိတဲ့ အမေရိကန် စစ်ဆင်ရေးတွေ အတွက် အီတလီရဲ့ လေကြောင်း အဆောက်အအုံတွေကို အသုံးပြုခွင့်ကို မီလိုနီက ပိတ်ပင်ခဲ့တာကြောင့် အမေရိကန် အတွက် “ကြီးမားတဲ့ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ အခက်အခဲတွေ” ဖြစ်စေခဲ့ တယ်လို့ ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ အီတလီခေါင်းဆောင် ကတော့ အီတလီ စစ်အခြေစိုက် စခန်းတွေကို အသုံးပြုခွင့်ဟာ “ကျွန်မတို့ အမြဲတမ်း လေးစားလိုက်နာခဲ့တဲ့ သဘောတူညီချက် တွေအရ စီမံခန့်ခွဲတာဖြစ်ပြီး… ကျွန်မ ဝန်ကြီးချုပ် ဖြစ်နေ သရွေ့တော့ ဒီသဘောတူညီချက်တွေကို ချိုးဖောက်ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဒီနှစ်ဦးကြား အပြန်အလှန် ပြောဆိုဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပွား နေတာဟာ အီရန်အပေါ် ထရမ့်ရဲ့ စစ်ရေးအရ အရေးယူမှု တွေ ပြုလုပ်ခဲ့ပြီး ကတည်းက နှစ်နိုင်ငံကြား ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေကို ပိုမို ထင်ရှားစေခဲ့တာပါ။

ဒီအခြေအနေကြောင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ဟာ လာမယ့် သီတင်းပတ် အစောပိုင်းမှာ သွားရောက်မယ့် အမေရိကန် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version