THN Public Media Blog သတင်း ပြည်တွင်း ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ဇာတ်လမ်း နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မိုက်တီး၊ လူရွှင်တော်အုန်းဒိုင်း နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် စစ်ကော်မရှင် ဖမ်းဆီး အရေးယူ
ပြည်တွင်း

ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ဇာတ်လမ်း နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မိုက်တီး၊ လူရွှင်တော်အုန်းဒိုင်း နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် စစ်ကော်မရှင် ဖမ်းဆီး အရေးယူ

အောက်တိုဘာ ၂၉ – ၂၀၂၅

ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင် သူတွေ နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန် ရေးသား ကာ ရွေးကောက်ပွဲ ကို အထင်အမြင်လွဲမှားအောင် လှုံ့ဆော်တယ် ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ လူရွှင်တော်အုန်းဒိုင်း နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် တို့ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အောင်မြင်စေဖို့ အနုပညာရှင်တွေ တတပ်တအား ပါဝင်မှု ကို သူတို့ ၃ ဦးဟာ ဝေဖန်တိုက်ခိုက်ပြီး ရွေးကောက်ပွဲကို ပြည်သူလူထုက ယုံကြည်မှု လျော့နည်းအောင် ရေးသား ဖြန့်ဝေတာကို စိစစ် တွေ့ရှိ ရတယ် လို့ ဆိုပါတယ်။

ဒါရိုက်တာ မိုက်တီးဟာ ၂၀၂၁ က ၅၀၅ က နဲ့ ပြစ်မှု လက်ကျန်ကိုပါ ဆက်လက် ကျခံရမယ်လို့ လည်း ဖေါ်ပြထားပါတယ်။

ကျန်တဲ့ ၂ ဦးကိုလည်း ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားတဲ့ ဥပဒေ နဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version