THN Public Media Blog သတင်း နိုင်ငံရေး စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင် ပယ်ချကြောင်း ဥရောပ ပါလီမန် ပြတ်သားစွာ ဆုံးဖြတ်၊ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး တောင်းဆို
နိုင်ငံရေး

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင် ပယ်ချကြောင်း ဥရောပ ပါလီမန် ပြတ်သားစွာ ဆုံးဖြတ်၊ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး တောင်းဆို

The hemicycle of the European Parliament, in Strasbourg, on November 24, 2025. (Photo by Magali Cohen / Hans Lucas / AFP via Getty Images

နိုဝင်ဘာ ၂၈ – ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က တဘက်သက် ကျင်းပမယ့် ၂၀၂၅ ဒီဇင်ဘာ နဲ့ ၂၀၂၆ ဇန်နဝါရီ ရွေးကောက်ပွဲတွေကို တရားမဝင် ပယ်ချကြောင်း ဥရောပ ပါလီမန် အစည်းအဝေးက မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတယ်။

လက်ရှိ ဖိနှိပ်မှုတွေ၊ ဥပဒေမဲ့ ဆောင်ရွက်မှုတွေ၊ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေ နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မရှိဘဲ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရနိုင်ကြောင်း ဖေါ်ပြထား ပါတယ်။

အချက် ၂၄ ချက်ပါ ဆုံးဖြတ်ချက်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး သွား ကြရတဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ ဘေးကင်းစွာ ပြန်လာနိုင်ရေး ဥရောပ ပါလီမန်က တောင်းဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြားမျာ ပိတ်မိနေကြတဲ့ ရိုဟင်ဂျာလူနည်းစုရဲ့ မမျှမတ ခံစားနေရမှုတွေ အတွက်ကို ပြစ်တင် ရှုတ်ချထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆက်လက် ဖေါ်ပြထားရာမှာ စစ်အာဏာရှင် အဖွဲ့ဟာ နိုင်ငံတကာ တရားဝင်မှုကို ရဖို့ ကြိုးပမ်း နေတာ ဖြစ်ပြီး တရားမဝင် ရွေးကောက်ပွဲ ရလဒ် မှန်သမျှကို ပြစ်တင် ရှုတ်ချ မယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာပြီး အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် မဖြစ်နိုင်ကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ခံထားရသူတွေ ဒါမှမဟုတ် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖမ်းဆီး ထိန်းသိမ်း ထားသူတွေကို ချက်ချင်း အတားအဆီးမရှိ ပြန်လွှတ်ဖို့ ‌ဆောင်းဆိုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ကို မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေ အဖြစ် ထောက်ခံကြောင်းလည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version