THN Public Media Blog သတင်း နိုင်ငံတကာ တရုတ်က မြေရှားသတ္တု ကန့်သတ်လိုက်လို့ ထရမ့်က တရုတ်အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်မယ်လို့ ခြိမ်းခြောက်
နိုင်ငံတကာ

တရုတ်က မြေရှားသတ္တု ကန့်သတ်လိုက်လို့ ထရမ့်က တရုတ်အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်မယ်လို့ ခြိမ်းခြောက်

ANKARA, TURKIYE - APRIL 10: In this photo illustration portraits of US President Donald Trump and Chinese President Xi Jinping are displayed on computer screen as Chinese flag is seen in Ankara, Turkiye on April 10, 2025. (Photo by Dilara Irem Sancar/Anadolu via Getty Images

အောက်တိုဘာ ၁၂ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က လာမည့်နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်သွင်းကုန်တွေ အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ကနေ မြေရှားသတ္တု (rare earths) ပို့ကုန် စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့ အတွက် ဒါကို တရုတ်အနေနဲ့ “အလွန် ရန်လိုလာ နေတယ်” လို့ ထရမ့်က စွပ်စွဲကာ ကမ္ဘာကို “ချုပ်ကိုင်ဖို့” ကြိုးပမ်း နေတယ်လို့ သောကြာနေ့မှာ ဆိုရှယ်မီဒီယာကနေ ဖေါ်ပြလိုက်ပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံမယ့် အစည်းအဝေး ကနေ နုတ်ထွက် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဖျက်သိမ်းခြင်း မရှိသေးပေမယ့် “ကျွန်တော်တို့ တွေ့ဖြစ်မလား ဆိုတာတော့ မသိဘူး” လို့ ထရမ့်က ပြောပါတယ်။

ထရမ့်ရဲ့ သဘောထား မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် ငွေကြေး ဈေးကွက် တွေ ကျဆင်းခဲ့ပြီး S&P 500 စတော့ အညွှန်းကိန်း ဟာ ဧပြီလ နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှု အဖြစ် ၂.၇% နဲ့ သောကြောနေ့က စျေးပိတ်သွားခဲ့ပါတယ်။

ကားတွေ၊ စမတ်ဖုန်းတွေနဲ့ တခြားပစ္စည်းများစွာမှာ အဓိက အသုံးပြု နေရတဲ့ မြေရှားသတ္တုနဲ့ တခြားအရေးကြီးပစ္စည်းအချို့ ထုတ်လုပ်မှုကို တရုတ်က လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version