THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့်က ရှီကျင်ပင်းကို ‘’ခင်ဗျားရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်’’ လို့ ပြောကြား
နိုင်ငံတကာ

ထရမ့်က ရှီကျင်ပင်းကို ‘’ခင်ဗျားရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်’’ လို့ ပြောကြား

BEIJING, CHINA - MAY 14: U.S. President Donald Trump speaks during a bilateral meeting with Chinese President Xi Jinping at the Great Hall of the People on May 14, 2026 in Beijing, China. President Trump is meeting with President Xi Jinping in Beijing to address the Iran conflict, trade imbalances, and the Taiwan situation while establishing new bilateral boards for economic and AI oversight. (Photo by Alex Wong/Getty Images

မေလ ၁၄ – ၂၀၂၆

တရုတ်နိုင်ငံ ဘေဂျင်းမြို့ Great Hall ခန်းမ ထဲမှာ တရုတ်နဲ့ အမေရိကန် သမ္မတ နှစ်ဦး တွေ့ဆုံမှု အဖွင့်စကား အဖြစ် သမ္မတထရမ့်က ရှီကျင်ပင်းကို ‘’ခင်ဗျားရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အဆင်ပြေပြေ လက်တွဲခဲ့ကြပါတယ်၊ အခက်အခဲတွေ ရှိခဲ့ရင် လည်း အတူတူ ဖြေရှင်းခဲ့ကြတာပဲ။ ကျွန်တော်က ခင်ဗျားဆီ ဖုန်းဆက် သလို၊ ခင်ဗျားကလည်း ကျွန်တော့်ဆီ ဖုန်းပြန်ဆက်ခဲ့တယ်” လို့ ထရမ့်က ဆိုပါတယ်။

“လူတွေ မသိကြတာ ကတော့ ကျွန်တော်တို့ဟာ ပြဿနာ တခုခု ရှိလာတိုင်း အရမ်း မြန်မြန်ဆန်ဆန်ပဲ အဖြေရှာနိုင်ခဲ့ကြတာပါပဲ။”

“ကျွန်တော် လူတိုင်းကို ပြောလေ့ရှိသလိုပဲ၊ ခင်ဗျားဟာ တကယ်ကို တော်တဲ့ ခေါင်းဆောင် တယောက်ပါ” လို့ ထရမ့်က ချီးကျူးစကား ဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတက ဒီခရီးစဉ်မှာ “ကမ္ဘာ့အတော်ဆုံး စီးပွားရေး ခေါင်းဆောင်တွေ” ကို သူနဲ့အတူ ခေါ်ဆောင် လာခဲ့တယ်လို့လည်း ပြောပါတယ်။

“ခင်ဗျားကို လာရောက်ဂါရဝပြုဖို့ အတွက် ဒီနေ့မှာ ထိပ်သီးပုဂ္ဂိုလ်တွေ ကိုပဲ ကျွန်တော် ခေါ်လာခဲ့တာပါ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အချို့လူတွေက ဒီတွေ့ဆုံပွဲကို “သမိုင်းတစ်လျှောက် အကြီးကျယ် ဆုံး ထိပ်သီးဆွေးနွေးပွဲ” လို့ ခေါ်ဆိုနေကြပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အတွက် အရမ်းကို မျှော်လင့်နေတယ်လို့ ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ ပါတယ်။

“ခင်ဗျားနဲ့ အတူရှိနေရတာ ဂုဏ်ယူသလို၊ ခင်ဗျားရဲ့ မိတ်ဆွေ ဖြစ်ရ တာလည်း ဂုဏ်ယူပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ အရင်က ထက် ပိုပြီးတော့ ကောင်းမွန်လာတော့မှာပါ” လို့ သူက နိဂုံးချုပ် ပြောဆိုခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version