THN Public Media Blog သတင်း ပြည်တွင်း ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်း ကျော်ရ
ပြည်တွင်း သတင်း

ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်း ကျော်ရ

အောက်တိုဘာ ၈ -၂၀၂၅

ထိုင်းနိုင်ငံ ၊ ချာချင်ဆောင်ခရိုင် အလုပ်ရုံတခု ကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာ အလုပ်သမား ၃၂ဝ ဦး အတွက် နစ်နာကြေး ဘတ် ၃ သန်းကျော် ပြန်လည် ရရှိခဲ့ ကြောင်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

အဲဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၂ဝ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ မှာ အလုပ်ရှင်က ကြိုတင် အကြောင်းမကြားပဲ လုပ်သက် ၄ လ မပြည့်ခင် အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာတော့ မြန်မာအလုပ်သမားတွေက နစ်နာကြေး အကူ အညီ တောင်းခဲ့တာ ဖြစ်ကြောင်း MHAC အဖွဲ့ဝင် တဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာတော့ စဝါဒီကန်ရုံး (အလုပ်သမား ကာကွယ် စောင့်ရှောက် ရေးရုံး) မှာ စက်ရုံလုပ်ငန်းရှင်နဲ့ ကြားခံ အေဂျင်စီ ကနေ လာရောက် ဖြေရှင်း ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

အဲဒီနောက်မှာတော့ နစ်နာကြေး အဖြစ် လုပ်သက် ၃ လ ကျော်သူတွေ အတွက် ဘတ် ၁၀၈၀၀ ၊ လုပ်သက် ၃ လ မကျော်သူများ ဘတ် ၉၀၀၀ နဲ့ စုစုပေါင်း ဘတ်ငွေ ၃၀၄၅၆၀၀ ပြန်ရခဲ့ တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version