ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်နယ်မြေရှိ အလုပ်သမား တန်းလျား မှာ အလုပ်သမား လူသစ် မှတ်ပုံတင် (ဘတ်) တင်ဖို့ စောင့်နေတဲ့ မြန်မာ နိုင်ငံသား အလုပ်သမား ၁၃၁ ဦးကို ထိုင်းရဲတွေက မနေ့က ညနေ ၃ နာရီ လောက်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ ဦးဆောင် တာဝန်ခံ ကိုရဲမင်းကပြောပါတယ်။
“လက်ရှိတော့ စစ်တုန်းဆေးတုန်းပဲ ၊ မဟာချိုင်မှာ ပွဲစားတွေက မြန်မာတွေကို လာထားတဲ့ တိုက်တန်းမှာဖြစ်တာ၊ မြန်မာ လုပ်သားတွေ အကြွေးတွေနဲ့ ဒုက္ခရောက်ကြပြီ။ သိန်း ၈၀ လက်ငင်း ပေးပြီး တက်လာရတဲ့ အလုပ်သမားတွေ ဖြစ်တယ်” ဟု ကိုရဲမင်းက ပြောပါတယ်။
မြန်မာပွဲစား အချင်းချင်း အဝေမတည့် ဖြစ်ရာကနေ ပွဲစားတဦးက နေရာ အတိအကျနဲ့ ထိုင်းလူဝန်မှု ကြီးကြပ်ရေး ဌာနကို တိုင်ကြားရာက ဝင်ဖမ်း ရတာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့က စတင်လိုက်တဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဘတ် (ခေါ်) ပန်းရောက်ကတ် နေထိုင် လုပ်ကိုင်ခွင့် (Work Permit) အသစ် လုပ်ပေးတဲ့ လုပ်ငန်းစဉ်ကို ယာယီ ရွှေ့ဆိုင်း လိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက မနေ့က ကြေည ာထားပါတယ်။
ဘတ် ယာယီရွှေ့ဆိုင်းတာကို အကြောင်းပြကာ မနေ့က ညနေမှာ မြန်မာ အလုပ် သမားတွေကို ဝင်ရောက်ဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံ – ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၃၁ ဦး၊ ဓါတ်ပုံ – ခွန်အနုဆော် ခ ဖိကိုင်(စာမွတ်ဆာခွန်ခရိုင် အလုပ်သမား ဦးစီး ချုပ်ရုံး)
Crd – Migrat Times
—————————
THN Public Media