ဇွန် ၂၃ – ၂၀၂၆
ဥဇဘက်ကစ္စတန်နဲ့ ပွဲမှာ ပေါ်တူဂီ ဂိုးမိုးရွာပြီး ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။
၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ဒီပွဲမှာ ရော်နယ်ဒိုဟာ ပထမပိုင်းမှာ ၂ ဂိုး သွင်းနိုင် ခဲ့ပြီး ဟက်ထရစ် ရဖို့ အခွင့်အလမ်းတွေ ရခဲ့ပေမယ့် ကံမကောင်း စွာပဲ လွဲချော်ခဲ့ရပါတယ်။
နူနို မန်ဒက်စ် ကလည်း ပွဲစလို့ ၁၈ မိနစ်အတွင်းမှာတင် ပေါ်တူဂီ အသင်း အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိတဲ့ Own goal ကြောင့် ပေါ်တူဂီတို့ စတုတ္ထမြောက်ဂိုး ရရှိသွားခဲ့ပါတယ်။
၅ ဂိုးမြောက်ကိုတော့ Rafael Leão က ပွဲပြီးခါနီး သွင်းယူခဲ့တာ ဖြစ်ပြီး ဒီရလဒ်ကတော့ ဒီပွဲရဲ့ အခြေအနေကို အရှိအတိုင်း ဖော်ပြနေပါတယ်။
ဥဇဘက်ကစ္စတန်တို့ ကြိုးစားခဲ့ကြပြီး စနစ်တကျ ကစားခဲ့ကြပေမယ့် ဘောလုံး သဘာကတော့ ကွာခြားလွန်းခဲ့တာပါ။
ပေါ်တူဂီဟာ အဖွင့်ပွဲစဉ်တုန်းက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ DR Congo နဲ့ သရေကျခဲ့တာဖြစ်ပြီး၊ အခုဆိုရင် ၂ ပွဲ ကစား ၄ မှတ်နဲ့ အုပ်စု K ထိပ်မှာ ရှိနေကာ အုပ်စု နောက်ဆုံးပွဲကို ကိုလံဘီယာနဲ့ ဇွန်လ ၂၈ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
—————————
THN Public Media
