ဇွန် ၂၃ – ၂၀၂၆
ဒီကနေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ် တနေရာမှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ် တစင်းကို မကွေးယူနစ်အစိုးရ ရဲ့ ညွှန်ကြားမှုနဲ့ အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးကို ပကဖ PDF နဲ့ တော်လှန်ရေးအင်အားစုတွေက ဗျူဟာမြောက် ဆောင်ရွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မကွေး PDF ကလည်း Mi 17 တစင်းကို ပခုက္ကူခရိုင် မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တယ်လို့ အစောပိုင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
—————————
THN Public Media
