၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့ အတွက် စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်နဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဦရဲထွဋ် ပြန်လွတ်လာပြီ လို့ သိရပါတယ်။
ဦးရဲထွဋ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ တို့နဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဦးရဲထွဋ်ဟာ အဖမ်းမခံရခင် တုန်းက သူ့ရဲ့ လူမှုကွန်ယက်က တဆင့် သူသွားရောက် ခဲ့တဲ့ ခရီးသွား ဓာတ်ပုံတွေ၊ ခရီးသွား အတွေ့အကြုံ ဆောင်းပါးတွေ၊ အတွေးအမြ င်ဆောင်းပါးတွေကို အခန်းဆက် ရေးသား နေရင်း အဲ့ဒီ့ ရေးသားမှုတွေမှာ ပါဝင်တဲ့ အချက်အလက် တချို့ဟာ တပ်မတော်အပေါ် သွယ်ဝိုက်တဲ့ ဝေဖန် ရေးသားချက်တွေ ဖြစ်တယ် လို့ဆိုကာ တပ်မတော် ထောက်ခံသူ တချို့က သူ့အပေါ် ပြန်လည် ဝေဖန် ရေးသားမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
—————-
THN Public Media
