THN Public Media Blog သတင်း သဘာဝပတ်ဝန်းကျင် ဖိလစ်ပိုင်မှာ ပြင်းအား ၆.၉ ငလျင်လှုပ်လို့ လူ ၂၆ ဦးထက်မနည်း သေဆုံး၊ ‘ဘေးအန္တရာယ်အရေးပေါ်အခြေအနေ’ ကြေညာ
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ဖိလစ်ပိုင်မှာ ပြင်းအား ၆.၉ ငလျင်လှုပ်လို့ လူ ၂၆ ဦးထက်မနည်း သေဆုံး၊ ‘ဘေးအန္တရာယ်အရေးပေါ်အခြေအနေ’ ကြေညာ

အောက်တိုဘာ ၁ – ၂၀၂၅

ဖိလစ်ပိုင်အလယ်ပိုင်း မှာ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် ကြောင့် လူ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။
ဘိုဂိုမြို့နဲ့ တခြား ထိခိုက်ခဲ့တဲ့ မြို့တွေ မြို့နယ်တွေမှာ ငလျင်ကြောင့် ‘ဘေးအန္တရာယ် အရေးပေါ်အခြေအနေ’ ကြေညာခဲ့ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မထိုးမီ စီဘူးမြို့ ကမ်းလွန်မှာ ငလျင် လှုပ်ခတ်ခဲ့ရာ လျှပ်စစ် ပြတ်တောက်မှုတွေ ဖြစ်ပေါ်ပြီး အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။
အခုတော့ ဆူနာမီ သတိပေးချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး “ပင်လယ်ရေမျက်နှာပြင် အနည်းငယ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေ လုံးဝ ကင်းလွတ်သွားပြီ” လို့ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး အဖွဲ့က ပြောပါတယ်။

Visayas ဒေသက စီဘူးမြို့မှာ လူဦးရေ တသန်းနီးပါး နေထိုင်ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version