THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ၊ မောင်တောမြို့က ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး
နိုင်ငံရေး ပြည်တွင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ၊ မောင်တောမြို့က ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ၊ မောင်တောမြို့က ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး
စက်တက်ဘာ ၁၆ – ၂၀၂၅
ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဌ၊ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ရခိုင်မြောက်ပိုင်း မောင်တောက မူဆလင် အသိုင်း အဝိုင်းနဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြောင်း အာရက္ခ မင်းသမီး မီဒီယာ မှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့က သတင်းဖေါ်ပြ ထား ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ဆယ်စုနှစ် တခုကျော်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့က ဂျာမေဗလီကြီးကို ULA/AA က ပြန်ဖွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
ဂျာမေဗလီကြီးဟာ မောင်တောမြို့ရဲ့ အကြီးဆုံး ဗလီကြီး တခုဖြစ်ပြီး အစ္စလာမ် ဘာသာဝင်တွေ အများဆုံး လာရောက်ဝတ်ပြုကြတာ ဖြစ်ပါ တယ်။
ဒီဗလီကို ၂၀၁၂ ဇွန်လ ကတည်းက လူမျိုးရေး ပဋိပက္ခတွေကြောင့် အစိုးရ အဆက်ဆက်က ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
crd – အာရက္ခ မင်းသမီး မီဒီယာ
—————————
THN Public Media
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–

တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese


Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version