မတ်လ ၁၇ – ၂၀၂၆
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးဟာ ဒရုန်းတွေ ရော့ကက် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရ ပါတယ်။
ဒါဟာ အခု စစ်ပွဲအတွင်း အမေရိကန်သံရုံး ဒုတိယ အကြိမ်မြောက် တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။
လုံခြုံရေးအရာရှိတဦးရဲ့ အဆိုအရ ဒရုန်း ၃ စင်း၊ ဒုံးကျည် ၄ စင်းတို့ နဲ့ သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အနည်းဆုံး ဒရုန်း တစင်း ဟာ သံရုံးဝင်း အတွင်းကို ပျက်ကျ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒရုန်း ၃ စင်း သံရုံးဆီ ဦးတည် ပျံသန်းလာတာကို တွေ့ခဲ့ရကြောင်း၊ အဲဒီ အထဲက ၂ စင်းကို ပစ်ချနိုင်ခဲ့ပေမဲ့ တတိယ တစင်း ကတော့ သံရုန်းဝင်း ထဲကို ထိမှန်ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အခုတိုက်ခိုက်မှုဟာ စစ်ပွဲ စတင်ကတည်းက အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ အီရတ် လုံခြုံရေး သတင်းရင်းမြစ်တွေက AFP ကို ပြောကြား ခဲ့ ပါတယ်။
—————————
THN Public Media
