မတ်လ ၁၈ – ၂၀၂၆
အီရန်အမျိုးသား လုံခြုံရေးကောင်စီရဲ့ အကြီးအကဲ Ali Larijani အလီ လာရီဂျာနီ သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်အစိုးရပိုင် မီဒီယာက အတည်ပြု ကြေညာလိုက်ပါတယ်။
ဒါဟာ အစ္စရေးဘက်က အစောပိုင်းက ကြေညာခဲ့တဲ့ သတင်းကို အတည်ပြု လိုက်တာလည်း ဖြစ်ပါတယ်။
အစ္စရေးရဲ့ ညဘက် လေကြောင်းတိုက်ခိုက်မှု အတွင်း လာရီဂျာနီ ပုန်းခိုနေတဲ့ နေရာကို တိုက်ရိုက်ထိမှန်ခဲ့တာလို့ အစ္စရေးဘက်က ဆိုပါတယ်။
အခုလို အရေးကြီးတဲ့ စစ်ပွဲကာလမှာ လာရီဂျာနီကို ဆုံးရှုံးလိုက်ရတာဟာ အီရန်အစိုးရ အတွက် အကြီးအကျယ် ထိုးနှက်ချက်တခု ဖြစ်ပါတယ်။
သူဟာ စစ်ဗိုလ်ချုပ် တဦး မဟုတ်ပေမဲ့ အီရန်ရဲ့ စစ်ရေး သံတမန်ရေးနဲ့ အမျိုးသားလုံ ခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် အားလုံးကို ချမှတ်ရာမှာ အဓိက ကျတဲ့သူ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေ အပေါ် သဘောထား တင်းမာပေမယ့် အီရန်နိုင်ငံတွင်း မှာတော့ သူဟာ စိတ်လှုပ်ရှားမှုထက် မဟာဗျူဟာ တွက်ချက်မှုကို ပို ဦးစားပေးတဲ့ လက်တွေ့ကျသူ တဦးအဖြစ် လူသိများပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း အီရန်ရဲ့ ထိပ်တန်း အရာရှိကြီး တွေနဲ့ စစ်ဦးစီးချုပ်တွေ ဆက်တိုက် ဆိုသလို လုပ်ကြံ ခံနေရတာဟာ စစ်ပွဲ အတွင်း အီရန်ရဲ့ ခေါင်းဆောင်မှုယန္တရားကို အားနည်း သွားအောင် စနစ် တကျ လုပ်ဆောင် နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
အီရန်ရဲ့ အဓိက ဦးနှောက် လို့ ပြောလို့ရတဲ့ လာရီဂျာနီ မရှိတော့တဲ့ အတွက် အီရန်ရဲ့ စစ်ရေး တုံ့ပြန်မှုတွေဟာ အပြောင်းအလဲ ရှိလာနိုင် ပါတယ်။
ref: bbc
—————————
THN Public Media
