နိုင်ငံတကာ နိုင်ငံရေး

လူလိုက်ပါတဲ့ လကမ္ဘာခရီးစဥ် ဂြိုဟ်တုကို လွှတ်တင်လိုက်ပြီ

လူလိုက်ပါတဲ့ လကမ္ဘာခရီးစဥ် ဂြိုဟ်တုကို လွှတ်တင်လိုက်ပြီ

ဧပြီ ၁ – ၂၀၂၆

နှစ်ပေါင်း ၅၀ ကျော် အတွင်း လကမ္ဘာဆီကို ပထမဆုံးအကြိမ် လူလိုက်ပါ သွားတဲ့ NASA ရဲ့ အာကာသခရီးစဉ် စတင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အာကာသယာဥ်မှူး ၄ ဦးပါတဲ့ ၁၀ ရက်ကြာမယ့် Artemis II ခရီးစဉ်မှာ အာကာသယာဉ်မှူးတွေဟာ လပေါ်ကို ဆင်းသက်မှာ မဟုတ်ပေမဲ့ လကမ္ဘာကို ပတ်ပြီး ပျံသန်းမှာ ဖြစ်သလို ကမ္ဘာနဲ့ အဝေးဆုံး အထိ သွားရောက်မယ့် လူသားတွေ ဖြစ်ပါတယ်။

အာကာသယာဉ်မှူး ၄ ဦး ဟာ ခရီးစဉ် တလျှောက်လုံး မီနီ ဘတ်စကား တစီးစာ လောက်ပဲရှိတဲ့ အာကာသယာဉ်ငယ် လေးထဲမှာ ဖြတ်သန်း ကြရမှာ ဖြစ်ပါတယ်။

လွှတ်တင်ခါနီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်တဲ့ အခါ နည်းပညာပိုင်းဆိုင်ရာ ပြဿနာ နှစ်ခု ရှိခဲ့တယ်လို့ NASA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ အားလုံးကို ပြင်ဆင်ပြီး လွှတ်တင်လိုက်ပါပြီ။

ဘက်ထရီပြဿနာ တခုဖြစ်ခဲ့ပြီး ဒါဟာ ဂြိုဟ်တု လွှတ်တင်မှုကို ထိခိုက်မှာ မဟုတ်ဘူးလို့ နာဆာက ပြောပါတယ်။

အာကာသယာဉ်လွှတ်တင်တဲ့ အခါ အခုလို အသေးအမွှား ချို့ယွင်းချက် တွေ ရှိတတ်တာ ပုံမှန်ဖြစ်ပေမယ့် လွှတ်တင်ခါနီးမှာ အခက်အခဲတွေ ပေါ်လာတာ ကတော့ အနည်းငယ် ရင်ထိတ်စရာပါ။

အခုတော့ အောင်မြင်စွာပဲ ကမ္ဘာ့ ဆွဲအားကင်းလွတ်ရာ အာကာသထဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပထမ ၂၄ နာရီ အတွင်း ကမ္ဘာ့ပတ်လမ်းကြောင်းထဲမှာပဲ ပတ်ပြီး အာကာသယာဉ်ငယ်ရဲ့ စနစ်တွေ အလုပ်လုပ် မလုပ် စမ်းသပ်မှာပါ။

အဲဒီနောက် ကမ္ဘာ့ပတ်လမ်းကနေ ခွဲထွက်ပြီး လကမ္ဘာဆီကို ၃ ရက်ကြာ ဦးတည်ပျံသန်းမှာ ဖြစ်ပါတယ်။

လကမ္ဘာကို တပတ်ပတ်ပြီး ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ဖို့ အထိ ဆိုရင် စုစုပေါင်း ၁၀ ရက် လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ref: bbc

—————————

Leave a Reply

Your email address will not be published. Required fields are marked *