THN Public Media Blog သတင်း နိုင်ငံတကာ လေကြောင်းတိုက်ခိုက်မှု ရပ်စဲပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
နိုင်ငံတကာ နိုင်ငံရေး

လေကြောင်းတိုက်ခိုက်မှု ရပ်စဲပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

LONDON, ENGLAND - JANUARY 19: British Foreign Secretary Yvette Cooper speaks to the media during a meeting with Danish Foreign Minister Lars Loekke Rasmussen (not pictured) at 1 Carlton Gardens on January 19, 2026 in London, England. The UK and other European countries have rallied to support Denmark as U.S. President Donald Trump vowed to acquire Greenland, a semi-autonomous Danish territory, and impose tariffs on Denmark's allies who oppose the move. (Photo by Jack Taylor - WPA Pool/Getty Images

ဖေဖေါ်ဝါရီ ၁ – ၂၀၂၆

ဒီကနေ့ စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲ တရပ် ဖြစ်ပေါ်လာစေဖို့ အတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

တိုက်တွန်းတောင်းဆိုချက် အပြည့်အစုံ

————————————

“စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားများဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုဖျက်ဆီးခဲ့ပါတယ်။

“အကျပ်အတည်းများကြားမှာပင် မြန်မာပြည်သူပြည်သားများအတွက် တည်ငြိမ်သော အနာဂတ်တစ်ရပ်ကို ကူညီထောက်ပံ့ရန် ယူကေအစိုးရအနေနဲ့ ဆက်လက် ကတိကဝတ်ပြုထားဆဲ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူ ၁.၄ သန်းကျော်အား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခဲ့ပြီး ၁.၃ သန်းအား မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများပေးအပ်ခဲ့ပါတယ်။ ထိခိုက်မှုအများဆုံးခံရသောပြည်သူများနဲ့အတူ ယူကေဟာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။

“ဒါပေမဲ့လည်း လက်ရှိမြေပြင်အခြေအနေများဟာ အလွန်ဆိုးရွားလှပါတယ်။

“မြန်မာကလေးသူငယ်စုစုပေါင်းရဲ့ တစ်ဝက်ခန့်ဟာ ပညာသင်ယူခွင့်မရကြပါဘူး။ ထို့အတူ မိန်းကလေးငယ်များနဲ့ အမျိုးသမီးများဟာလည်း အကြမ်းဖက်မှုများ ဆက်လက်ကြုံတွေ့နေရပါတယ်။

“ယူကေအပေါ်မှာလည်း သက်ရောက်မှုရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုကဲ့သို့သော ပြစ်မှုများဟာလည်း ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။

“မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိပါ။

“မြန်မာပြည်သူပြည်သားများရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီဖို့ဆိုရင် ဆက်လက်လုပ်ဆောင်စရာတွေ များစွာကျန်ပါသေးတယ်။

“အရပ်သားပြည်သူများကို ဝိုင်းဝန်းကာကွယ်ကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို မိမိတို့ ဆက်လက်တိုက်တွန်းပါတယ်။

“လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်၊ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာစေရန်အတွက် စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စစ်တပ်ကို မိမိတို့ တောင်းဆိုပါတယ်။

“ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူပြည်သားများနဲ့ တစည်းတလုံးတည်း အစဥ်အမြဲ ရပ်တည်သွားမှာဖြစ်ပါတယ်။”

Yvette Cooper

ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version