သမိုင်းတွင်မယ့် ဒုတိယအကြိမ် နိုင်ငံတော်ခရီးစဉ်၊ ထရမ့်နဲ့ မယ်လနီယာ ယူကေကို ရောက်ပြီ
စက်တင်ဘာ ၁၆ – ၂၀၂၅
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒုတိယအကြိမ်မြောက် သမိုင်းဝင် နိုင်ငံတော်ခရီးစဉ် အဖြစ် ယူကေ ကို Air Force One လေယာဥ်ကြီးနဲ့ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။
သမ္မတနဲ့ သမ္မတ ကတော် မယ်လနီယာ ဟာ လန်ဒန်မြို့လယ် နဲ့ မိုင် ၄၀ ကျော် ဝေးတဲ့ Stansted လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper လေဆိပ် လမ်းမပေါ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
အဲဒီနောက် ယူကေကို တင်ကြိုပို့ဆောင်ထားပြီ ဖြစ်တဲ့ Air Force One အနီးမှာ ရပ်ထားတဲ့ အမေရိကန် စစ်ရဟတ်ယာဥ် ပေါ် သမ္မတနဲ့ သမ္မတကတော် တို့တက်ရောက်သွားပြီး Stansted လေဆိပ် ကနေ ထွက်ခွာသွားခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ ၁၉၅၅ ခုနှစ်ကတည်းက ယူကေမှာ ရှိတဲ့ အမေရိကန် သံအမတ်ကြီးရဲ့ အိမ်တော် ဖြစ်တဲ့ Winfield House မှာ တည်းခိုမှာ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ဗြိတိသျှ ချားလ်စ်ဘုရင် က အမေရိကန်သမ္မတနဲ့ မယ်လနီယာတို့ကို ဝင်ဆာရဲတိုက် မှာ နှစ်ရက်ကြာ ဧည့်ခံမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ယူကေဝန်ကြီးချုပ် ဆြာ ကီယာ စတာမာ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
—————————
THN Public Media
–
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
–
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese