THN Public Media Blog သတင်း War ဝက်လက်နဲ့ စဥ့်ကူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု ၆ ဦး သေဆုံး ၊ ၉ ဦး ဒဏ်ရာရ
War နိုင်ငံရေး

ဝက်လက်နဲ့ စဥ့်ကူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု ၆ ဦး သေဆုံး ၊ ၉ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂ – ၂၀၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်းက စဥ့်ကူးမြို့နယ်တွေမှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ခြောက်ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ကိုးယောက်အထိ ရှိခဲ့တယ်လို့သိ ရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ မနက် ၁၁ နာရီလောက်မှာ စဥ့်ကူးမြို့နယ် ၊ ညောင်ဝန်းရွာမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူတယောက်သေဆုံးကာ နောက်ထပ် လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” ဒဏ်ရာရ လေးယောက်ကို ဆေးကုပေးနေတယ်သိရတယ် ။သေဆုံးတဲ့ အမျိုးသားကတော့ လူလတ်ပိုင်းပါပဲ ။ နေရာမှာပဲ ဆုံးတယ်သိရတယ်။ အိမ်နှစ်လုံး ပျက်စီးတယ် သိရတယ်။ ” လို့ စစ်ရှောင် ကူညီနေသူက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာတော့ နတ်မှော်ဦးရွာကို ည ၁၂ နာရီ ကျော်လောက်မှာ လေကြောင်း တိုက်ခိုက်ခံရတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှု ကြောင့် ငါးယောက်သေဆုံးကာ ခိုက်ဒဏ်ရာရသူ ငါးယောက် ရှိခဲ့တာဖြစ် တယ်လို့ သိရပါတယ် ။

” ည ၁၂ နာရီ ၆ မိနစ်မှာ လေကြောင်းတိုက်ခိုက်ခံရတာပါ။ ဒဏ်ရာရတဲ့ အထဲက တယောက်က မျက်လုံးမှန်တယ်။ နောက်တယောက်က ခေါင်းမှန်တယ် ။ အစတော့ မထုတ်ရသေးဘူး ။ ပတ်တီးတော့ စည်းပေး ထားတယ် သိရတယ်။ ပေါင်ကိုအစမှန်သူလည်း ရှိတယ်။ ” လို့ ဖြစ်စဥ်သိတဲ့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေကြောင်းနဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ နေအိမ် ငါးလုံး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – cj

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version