THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတထရမ့် တရုတ်နိုင်ငံကိုထွက်ခွာ၊ အီရန် ပဋိပက္ခ အရှိန်မြင့်နေဆဲ
နိုင်ငံတကာ

သမ္မတထရမ့် တရုတ်နိုင်ငံကိုထွက်ခွာ၊ အီရန် ပဋိပက္ခ အရှိန်မြင့်နေဆဲ

JOINT BASE ANDREWS, MARYLAND - MAY 12: U.S. President Donald Trump waves as he boards Air Force One on May 12, 2026 at Joint Base Andrews, Maryland. Trump is traveling to China where he is scheduled to meet with Chinese President Xi Jinping for expected talks on the Iran conflict, trade imbalances, regional security, and economic cooperation between the two countries. (Photo by Alex Wong/Getty Images

မေလ ၁၃ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံဖို့ အတွက် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ဘေကျင်းမြို့ကို ထွက်ခွာသွားပြီ ဖြစ်ပြီး တရုတ်ခေါင်းဆောင် တွေ့တဲ့အခါ အီရန် ကိစ္စကို အကျယ်တဝင့် ဆွေးနွေး သွားမှာ ဖြစ်ပေမဲ့ ကုန်သွယ်ရေး ကတော့ အဓိက အာရုံစိုက်မယ့် အချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လေယာဥ်နဲ့ မထွက်ခွာခင် အိမ်ဖြူတော် ခြံထဲမှာ သတင်းထောက်တွေကို ပြောကြားရာမှာ အီရန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရရေးဟာ အဓိက ဦးစားပေး ဖြစ်တာကြောင့် အီရန်နဲ့ စစ်ပွဲမှာ “အမေရိကန်ပြည်သူတွေရဲ့ ငွေရေး ကြေးရေး အခြေအနေကို သူထည့် မစဉ်းစားဘူး” လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အမေရိကန်ရဲ့ စီးပွားရေး အခြေအနေက တီဟီရန်နဲ့ သဘောတူညီချက်ရဖို့ အတွက် သူ့ကို ဘယ်လောက် အထိ တွန်းအား ပေးနေသလဲလို့ သတင်းထောက်တဦးက မေးမြန်းရာမှာတော့ ထရမ့်က “နည်းနည်းလေးတောင် အဲဒီလို တွန်းအားမပေးဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အီရန်အကြောင်း ပြောတဲ့အခါမှာ အရေးအကြီးဆုံးက တခုပဲရှိတယ်၊ အဲဒါက သူတို့ နျူကလီးယား လက်နက် မရှိစေရဘူး ဆိုတာပဲ” လို့ သူက ဆိုပါတယ်။

နောက်ထပ် သတင်းထောက်တဦးကလည်း စစ်ပွဲကြောင့် အမေရိကန်တွေ အပေါ် ရိုက်ခတ်လာမယ့် ငွေရေးကြေးရေး ဒဏ်တွေကို ထရမ့်အနေနဲ့ ထည့်တွက် နေခြင်း ရှိ၊ မရှိ ထပ်ဆင့် မေးမြန်းခဲ့ရာမှာတော့ “အီရန်ဟာ နျူကလီးယား လက်နက် မရှိရဘူးဆိုတာကို အမေရိကန်တိုင်း နားလည်ကြ ပါတယ်” လို့ပဲ သူက တုံ့ပြန်ခဲ့ပါတယ်။

အီရန်စစ်ပွဲကြောင့် စားသောက်ကုန်နဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက် လာခဲ့ပြီး ဒါဟာ တနိုင်ငံလုံးမှာရှိတဲ့ အမေရိကန်ပြည်သူတွေရဲ့ နေ့စဉ် ဘဝကို ပိုမိုခက်ခဲ လာစေတာ ဖြစ်ပါတယ်။

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး တရုတ်အကူအညီ ယူမလား ဆိုတဲ့ အပေါ် “အီရန်ကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဘယ်သူ့ အကူအညီမှ လိုမယ်မထင်ဘူး” လို့ ဆိုခဲ့ပြီး ဒီစစ်ပွဲမှာ အမေရိကန်ဟာ တနည်းမဟုတ် တစ်နည်းနဲ့ အနိုင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei ကတော့ အမေရိကန်နဲ့ အစ္စရေး တို့ရဲ့ အီရန်အပေါ် စစ်ပွဲဟာ “ဂုဏ်သိက္ခာ ရှိတဲ့ ပြည်သူတွေ” နဲ့ “ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဆင်ခြေ ဆင်လက်တွေ လုပ်ကြံ ဖန်တီးနေတဲ့ ပရော်ဖက်ရှင်နယ် လူလိမ်တွေ” ကြားက စစ်ပွဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version