THN Public Media Blog သတင်း နိုင်ငံတကာ ဟောင်ကောင်လေဆိပ်မှာ ကုန်တင်လေယာဥ် တစင်း လမ်းချော်လို့ လုံခြုံရေး ဝန်ထမ်းနှစ်ဦး သေဆုံး
နိုင်ငံတကာ

ဟောင်ကောင်လေဆိပ်မှာ ကုန်တင်လေယာဥ် တစင်း လမ်းချော်လို့ လုံခြုံရေး ဝန်ထမ်းနှစ်ဦး သေဆုံး

The wreckage of an AirACT?cargo?aircraft?operated for?Emirates?Airline near the runway at Hong Kong International Airport in Hong Kong, China, on Monday, Oct. 20, 2025. The?aircraft?skidded off the runway into the ocean at Hong Kong airport early Monday, killing two ground crew in a patrol car, in one of the worst accidents in the airport's 27-year history.?Photographer: Leung Man Hei/Bloomberg via Getty Image

အောက်တိုဘာ ၂၀ – ၂၀၂၅

ဟောင်ကောင်လေဆိပ်မှာ ဒီကနေ့ မနက် ၄ နာရီ လောက်မှာ ကုန်တင် လေယာဉ် တစင်း ပြေးလမ်းကနေ ချော်ထွက်ကာ လုံခြုံရေး ကင်းလှည့် နေတဲ့ကားကို တိုက်မိပြီး ပင်လယ်ထဲသို့ ထိုးကျသွားတာကြောင့် လေဆိပ် လုံခြုံရေး ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပါတယ်။

Emirates လေကြောင်းလိုင်း အမှတ် EK9788 ဖြစ်ပြီး ဒူဘိုင်း ကနေ ဆိုက်ရောက် လာစဉ် ပြေးလမ်း ကနေ လမ်းကြောင်း ချော်ထွက်ခဲ့ပြီး၊ လေဆိပ် ခြံစည်းရိုးကို ဖြတ်တိုက်ကာ လုံခြုံရေးကားကို တိုက်မိ ခဲ့ ပြီးနောက် အဲဒီကားပါ ပင်လယ်ထဲ ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကားထဲက လုံခြုံရေး နှစ်ဦး သေဆုံးခဲ့ရပြီး ဘိုရင်း 747 လေယာဉ် ရဲ့ တစိတ်တပိုင်း ဟာ ရေထဲမှာ နစ်မြုပ်နေပေမယ့် လေယာဉ်ပေါ်ပါ လေယာဉ်အမှုထမ်း လေးဦး လုံး အသက်ရှင်ခဲ့ပါတယ်။

လေဆိပ် မြောက်ဘက်ပြေးလမ်းမှာ ဖြစ်ခဲ့တဲ့ ဒီ မတော်တဆမှု ရဲ့ အကြောင်း ရင်း ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး နေပါတယ်။

ဘေးအန္တရာယ်ကင်း မှတ်တမ်း ကောင်းတဲ့ ဟောင်ကောင် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ အခု ဖြစ်ရပ်ဟာ နှစ်များစွာအတွင်း အသေအပျောက် အများဆုံး လေကြောင်းဆိုင်ရာ မတော်တဆမှုတွေ ထဲက တခု ဖြစ်ပါ တယ်။

သေဆုံးခဲ့ရတဲ့ မြေပြင်ဝန်ထမ်း နှစ်ဦးမှာ အသက် ၃၀ နဲ့ ၄၁ နှစ် အရွယ်တွေ ဖြစ်ကြပြီး လုပ်သက် ၇ နှစ် နဲ့ ၁၂ နှစ် အသီးသီး ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ်းခြေကနေ ၁၆ ပေကျော် အကွာ၊ ရေအောက် ၇ မီတာ အနက် ကနေ လုံခြုံရေးကားကို ပြန်ဆယ်ယူလိုက်တဲ့ အချိန် ကားထဲမှာ သူတို့နှစ်ဦး စလုံး အသက်မရှူတော့ပါ။

အသက် ၂၀ အရွယ်ကတော့ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး ကျန်တဦး ကတော့ ဆေးရုံရောက်ပြီး နောက်ပိုင်းမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ လေယာဥ် ဆင်းသက်စဉ် လေယာဉ် သွားခဲ့တဲ့ လမ်းကြောင်း နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အပေါ် အာရုံစိုက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version