THN Public Media Blog သတင်း နိုင်ငံတကာ ဟောင်ကောင် တာဝါ တိုက်ခန်းတွဲတွေ မီးလောင်ကျွမ်းမှု အနည်းဆုံး ၁၃ ဦး သေဆုံး
နိုင်ငံတကာ

ဟောင်ကောင် တာဝါ တိုက်ခန်းတွဲတွေ မီးလောင်ကျွမ်းမှု အနည်းဆုံး ၁၃ ဦး သေဆုံး

HONG KONG, CHINA - NOVEMBER 26: Thick smoke and flames rise as fire engulfs high-rise residential buildings at the Wang Fuk Court complex on November 26, 2025 in Hong Kong, China. At least 13 people are dead and dozens of others injured as a major fire engulfed a residential apartment complex in Hong Kong's Tai Po district on November 26. (Photo by VCG/VCG via Getty Images

နိုဝင်ဘာ ၂၆ – ၂၀၂၅

ဟောင်ကောင်မှာ အထပ်မြင့် တာဝါ အဆောင်အဦးတွေ မီးလောင်ကျွမ်း ခဲ့လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လူနေအိမ်ရာ Wang Fuk Court အဆောက်အအုံ ကနေ စတင် လောင်ကျွမ်း ခဲ့တာ ဖြစ်ပြီး ဒေသစံတော်ချိန် ညနေ ၃ နာရီလောက် ကနေ မိနစ် ၄၀ အတွင်း မီးဟာ အဆင့် ၄ အထိ တိုးမြင့်လောင်ကျွမ်းခဲ့ ပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာတော့ မီးဟာ အဆင့် ၅ အထိ မြင့်သွားခဲ့ပါတယ်။

တာဝါ တိုက်တွေက မီးတောက်တွေ မီးခိုးလုံးတွေ ထွက်ပေါ်နေတာကို တွေ့ရပြီး မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၇၀၀ ကျော်ကို ချထားခဲ့ပါတယ်။

မီးလောင်တဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် မီးတောက်တွေဟာ ဝါးနဲ့ဆင်ထားတဲ့ ငြမ်းစင်တွေ ကနေ အဆောက်အအုံ အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့တာလို့ ယူဆရပါတယ်။

မီးသတ်ဌာန တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ လူကိုးဦးဟာ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး နောက်ထပ် လေးဦးကတော့ ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၃၇ နှစ်အရွယ် မီးသတ်သမား Ho Wai-ho လည်း ပါဝင်ပါတယ်။

Ho Wai-ho နဲ့ အဆက်အသွယ် ပြတ်ပြီး နာရီဝက်ခန့် အကြာ အခင်း ဖြစ်ရာ နေရာမှာ လဲကျ နေတာကို တွေ့ရလို့ သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ တာပါ။

မီးသတ်ဌာန ဒုတိယညွှန်ကြားရေးမှူး Derek Armstrong Chan က ” အဆောက် အအုံတွေ ထဲမှာ အပူချိန် အရမ်းမြင့်တယ်၊ ဒါကြောင့် ကျွန်တော်တို့ အဆောက်အအုံ ထဲဝင်ပြီး အပေါ်ထပ် တက်ပြီး မီးငြှိမ်းသတ်ဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့က တော်တော်ခက်ခဲတယ်” လို့ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ သိဖို့ ခက်ခဲကြောင်း လည်း သူက ပြောပါတယ်။

Wang Fuk Court ဟာ တာဝါတိုက် ရှစ်လုံးတွဲ လူနေအိမ်ရာ အဆောက် အအုံ ဖြစ်ပြီး လူ ၄၀၀၀ လောက် နေထိုင်ဖို့ အတွက် တိုက်ခန်း ၁၉၈၄ ခန်း ပါဝင်ပါတယ်။

မီးလောင်ချိန်မှာ အဆောက်အဦးထဲ ပိတ်မိနေသူတွေ ရှိ/မရှိ မသိရပေမယ့် အများစုကိုတော့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အနီးအနားရှိ အဆောက်အအုံတွေက လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး အစိုးရက ခန်းမတခုနဲ့ အပန်းဖြေ အဆောက်အအုံ တခု အပါအဝင် ယာယီခိုလှုံရာ နေရာတွေ ဖွင့်ပေးခဲ့ပါတယ်။

Wang Fuk Court တာဝါတိုက် ၈ ခုစလုံးမှာ ပြင်ဆင်မှုတွေ လုပ်ဆောင် နေတာ ဖြစ်ပြီး ဟောင်ကောင်မှာက ဝါးငြမ်းစင်တွေကို နိုင်လွန်ကြိုး နဲ့ချည်ပြီး တပ်ဆင်ကြတာ ဖြစ်ပါတယ်။

တိုက် ၇ လုံး ကတော့ မီးလောင်ကျွမ်းခဲ့ပြီ ဖြစ်ပြီး ဝါးငြမ်းစင်တွေ လည်း အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

မတ်လထုတ် ဒေသခံမီဒီယာ သတင်းတွေအရ ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဝါးငြမ်းစင် အသုံးပြုတာကို တဖြည်းဖြည်း လျှော့ချဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဟောင်ကောင်မှာ အဆင့် ၅ အနေနဲ့ နောက်ဆုံး မီးလောင်ခဲ့တာ ဟာ လွန်ခဲ့တဲ့ ၁၇ နှစ် က Cornwall Court အဆောက်အအုံ ဖြစ်ပြီး အဲဒီတုန်းက လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

ref: bbc

photo: getty/reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version