THN Public Media Blog သတင်း နိုင်ငံတကာ အိမ်ဖြူတော်အနီး ပစ်ခတ်မှု အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး
နိုင်ငံတကာ

အိမ်ဖြူတော်အနီး ပစ်ခတ်မှု အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

နိုဝင်ဘာ ၂၆ – ၂၀၂၅

ဝါရှင်တန်ဒီစီ အိမ်ဖြူတော် နဲ့ ဘလောက် အနည်းငယ် အကွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခဲ့ ပါတယ်။

သံသယရှိသူ တဦးကို ဖမ်းဆီးထားပြီး အခင်းဖြစ်ပွားရာ နေရာကို လုံခြုံရေး ယူထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားချင်း သမ္မတ ထရမ့်က

” ဒီ တိရစ္ဆာန် ပစ်ခတ်မှုကြောင့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် နှစ်ဦး စလုံး အခြေအနေ စိုးရိမ်ရပြီး ဆေးရုံနှစ်ရုံမှာ သီးခြားစီ တက်ရောက် နေရ ပေမယ့် ဒဏ်ရာ ပြင်းထန်ရရှိခဲ့ပါတယ်။

(ဒီပစ်ခတ်သူဟာ) ကြီးကြီးမားမား တန်ဖိုး ပေးဆပ်ရမယ်။ ကျွန်ုပ်တို့ရဲ့ ကြီးမြတ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့နဲ့ စစ်တပ်၊ ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် အားလုံး ဘုရားသခင် ကောင်းချီးပေးပါစေ။ သူတို့ဟာ အမှန်တကယ် ကြီးမြတ်တဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော် အမေရိကန် ပြည်ထောင်စု သမ္မတ၊ သမ္မတရုံးနဲ့ သက်ဆိုင်သူအားလုံး သင်တို့နဲ့ အတူ ရှိနေပါတယ်။” လို့ သမ္မတ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသား ဖေါ်ပြခဲ့ပါတယ်။

West Virginia ပြည်နယ် အုပ်ချုပ်ရေးမှူး Patrick Morrisey ကလည်း ” West Virginia ပြည်နယ်ဟာ သူတို့ရဲ့ စွမ်းဆောင်မှုနဲ့ စွန့်လွှတ် အနစ်နာခံမှု တွေကို ဘယ်တော့မှ မမေ့မလျော့ဘဲ အခုလို တုန်လှုပ်ဖွယ် လုပ်ရပ် အတွက် တာဝန်ခံမှု အပြည့်အဝ ရဖို့ တောင်းဆိုမယ်” လို့ ပြောပါတယ်။

getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version