THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဆိုတာဘယ်သူလဲ
နိုင်ငံတကာ

အီရန်ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဆိုတာဘယ်သူလဲ

May 31, 2019 file photo shows, Son of Irans Supreme Leader Ayatollah Ali Khamenei, Mojtaba Khamenei, attends a demonstration to mark Jerusalem day in Tehran. (Photo by Morteza Nikoubazl/NurPhoto via Getty Images

မတ်လ ၄ – ၂၀၂၆

အီရန်ခေါင်းဆောင် အလီ ခါမေနီ သေဆုံးပြီးနောက် အသစ်ခန့်လိုက်တဲ့ ခါမေနီ ရဲ့သား မိုဂျ်တာဘာ ခါမေနီ ဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး အီရန်နိုင်ငံရေး လောကမှာ နှစ်ပေါင်းများစွာ ကန့်လန့်ကာ နောက်ကွယ်က အာဏာရှင် လို့ လူသိများခဲ့သူ ဖြစ်ပါတယ်။

သူဟာ အစ္စရေးနဲ့ အမေရိကန် အပေါ် အလွန်တင်းမာတဲ့ သဘောထား ရှိသူဖြစ်ပြီး သူ့ဖခင် ထက်တောင် ပိုပြီး ပြတ်သားသူလို့ အကဲဖြတ်ကြ ပါတယ်။

မိုဂျ်တာဘာဟာ အီရန်မှာ အာဏာ အရှိဆုံးဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် IRGC နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေး ရှိသလို၊ အဲဒီ တပ်ဖွဲ့ရဲ့ စစ်ရေးဗျူဟာ တွေမှာလည်း အကြံပေးအဖြစ် ပါဝင်ခဲ့ဖူး ပါတယ်။

သူဟာ အီရန်နိုင်ငံတွင်းက အတိုက်အခံတွေကို နှိမ်နင်းရာမှာ အလွန် ရက်စက်သူ အဖြစ် နာမည်ကြီးပြီး ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲ အပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အဓိက ဦးဆောင်ခဲ့သူလို့ ယူဆကြပါတယ်။

သူ့ရဲ့ သဘောထား အရ အစ္စရေးကို လုံးဝအသိအမှတ်မပြုဘဲ အခုဖြစ် နေတဲ့ စစ်ပွဲမှာလည်း အလျှော့ပေးမှာ မဟုတ်သလို့ လက်စားချေ တိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်လာနိုင်ပါတယ်။

မိုဂျ်တာဘာဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းကိုလည်း ဆက်လက် တွန်းအားပေးမယ့်သူ ဖြစ်တာကြောင့် အနောက်နိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ အလားအလာ အလွန်နည်းပါးပါတယ်။

သူ့ကို အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာဟာ အီရန်အစိုးရ အတွင်းမှာ IRGC စစ်တပ်ရဲ့ ဩဇာလွှမ်းမိုးမှု အထွတ်အထိပ်ကို ရောက်သွားပြီ ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို ရွေးချယ်လိုက်တဲ့ အပေါ် အီရန်ပြည်သူ တချို့က သားစဉ် မြေးဆက် အုပ်ချုပ်ရေး အဖြစ် မြင်ကြပြီး ဒါဟာ ပြည်တွင်းမှာ မကျေနပ်မှု တွေနဲ့ ဆူပူအုံကြွမှုတွေကို ပိုပြီး ဖြစ်လာစေနိုင်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version