THN Public Media Blog သတင်း War အီရန်ဓါတ်ငွေ့လုပ်ကွက်တွေကို မတိုက်ဖို့ နေတန်ယာဟု သဘောတူ၊ အီရန်နိုင်ငံမှာ သေဆုံးသူ ၃၁၈၆ ဦးအထိ ရှိလာ
War နိုင်ငံတကာ

အီရန်ဓါတ်ငွေ့လုပ်ကွက်တွေကို မတိုက်ဖို့ နေတန်ယာဟု သဘောတူ၊ အီရန်နိုင်ငံမှာ သေဆုံးသူ ၃၁၈၆ ဦးအထိ ရှိလာ

မတ်လ ၂၀ – ၂၀၂၆

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က မနေ့ညက သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပြီး သမ္မတ ထရမ့်ရဲ့ တောင်းဆိုချက် အရ အီရန် ဓာတ်ငွေ့သိုက်တွေကို တိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားမယ်လို့ ပြောကြား လိုက်ပါတယ်။

အီရန်စစ်ပွဲထဲကို ထရမ့်ကို အတင်းအကျပ် ဆွဲသွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုလည်း မစ္စတာ နေတန်ယာက ပယ်ချလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျေရုဆလင်မြို့နဲ့ အီရန်နိုင်ငံ မြို့တော် တဟီရန်တို့ မှာ ပေါက်ကွဲသံများ ကြားခဲ့ရပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ တွေ အပေါ် ထပ်မံ တိုက်ခိုက်မှုတွေ ရှိလာမယ်ဆိုရင် အထိန်းအကွပ် မရှိတော့ ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးပြောကြားထား ပါတယ်။

ယူအေအီး၊ ကူဝိတ်၊ ဆော်ဒီအာရေးဗီးယား နဲ့ ဘာရိန်းနိုင်ငံတို့မှာလည်း တွင်လည်း မနေ့အစောပိုင်းက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပြီး ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ရန်စမှုတွေ ဖြစ်တယ်လို့ ယူအေအီးနဲ့ ဘာရိန်းတို့က စွပ်စွဲထားကြပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းအေဂျင်စီ Hrana ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲ အတွင်း အီရန်နိုင်ငံမှာ သေဆုံးသူ ၃၁၈၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကာတာနိုင်ငံ Ras Laffan စွမ်းအင်ဇုန် အပေါ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နောက် ယူကေနဲ့ ဥရောပတိုက်မှာ လောင်စာစျေးနှုန်းတွေ သိသိသာသာ မြင့်တက် လာခဲ့ပြီး အဲဒီ တိုက်ခိုက်မှုဟာ အီရန်တို့ရဲ့ အလွန်အန္တရာယ် များတဲ့ ရန်စမှုဖြစ်တယ်လို့ ကာတာဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version