‘’အမြင်မတူသဘောထားကွဲပြီး ဖမ်းခံရတဲ့အချိန်မှာ… လူလိမ်လူကောက် တယောက်လို…တန်ဆာဆင်ခံရတာ.. ကိုယ်ကျိုးသမားတယောက်လို ပုံဖေါ်ခံရတာ…’’
ဗိုလ်မုန်တိုင်း
NUG MOD ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ MDY PDF ခေါင်းဆောင်း ဗိုလ်မုန်တိုင်း ၆ လ ကျော်လာတဲ့အချိန် ဗိုလ်မုန်တိုင်း ကိုယ်တိုင် ဖွင့်ဟချက် ရုပ်သံထွက်ပေါ်လာပါတယ်။
MDY PDF က တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုဖြိုးဝေလှိုင် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ လလောက်က ဒီ ရုပ်သံဖိုင် ရရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
အခုဖမ်းဆီးခံထားရတာ ၆ လ ကျော်လာချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပြီး ၊ ဖမ်းဆီးခံရချိန် အခုလို လွတ်လွတ်လပ်လပ် ပြောခွင့်ရလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါ။
Crd – Phyo Wai Hlaing
THN Public Media

