THN Public Media Blog သတင်း နိုင်ငံရေး ကုလသမဂ္ဂကို NUG က ရန်ပုံငွေသွင်းပေးနေတယ်လို့ ဦးကျော်မိုးထွန်း ပြော၊ ကုလ မှတ်တမ်းအရ ၂၀၂၁ ကနေ ၂၀၂၆ အထိ မြန်မာနိုင်ငံအနေနဲ့ ပေးသွင်းထားခြင်းမရှိ၊ ကုလမြန်မာသံရုံးငွေ ဒေါ်လ ၂.၆ သန်း ရှိခဲ့ကြောင်းနဲ့ မေးခွန်းထုတ်မှုရှိလာ
နိုင်ငံရေး

ကုလသမဂ္ဂကို NUG က ရန်ပုံငွေသွင်းပေးနေတယ်လို့ ဦးကျော်မိုးထွန်း ပြော၊ ကုလ မှတ်တမ်းအရ ၂၀၂၁ ကနေ ၂၀၂၆ အထိ မြန်မာနိုင်ငံအနေနဲ့ ပေးသွင်းထားခြင်းမရှိ၊ ကုလမြန်မာသံရုံးငွေ ဒေါ်လ ၂.၆ သန်း ရှိခဲ့ကြောင်းနဲ့ မေးခွန်းထုတ်မှုရှိလာ

ဖေဖေါ်ဝါရီ ၁၀ – ၂၀၂၆

ကုလသမဂ္ဂကို ပေးသွင်းရမယ့် ရန်ပုံငွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပေးသွင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကိုမနေ့က ပြောကြားလိုက်ပါတယ်။

“၂၀၂၁ ကနေ စပြီးတော့ ၂၀၂၅ အကုန်ထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့် မဆုံးရှုံး ဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ သုံးကြိမ် တိတိပေ့ါနော် ကုလသမဂ္ဂကို ပေးသွင်း ရမယ့် အနည်းဆုံး ငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်’’ လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ပထမ အကြိမ်မှာ ရုံး ရန်ပုံငွေ ကနေ ဒေါ်လာ ၃ သိန်းကျော်ကို ပေးသွင်း ခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ မှာ NUG ကနေ တဆင့် ၃ သိန်းကျော်ကို နှစ်စဉ် ပေးသွင်း ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂ က ထုတ်ပြန်ထားတဲ့ နှစ်စဥ် ဘတ်ဂျက် ထည့်ဝင်မှု စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၅ အထိ မြန်မာနိုင်ငံ ထည့်ဝင်ထား တာ မတွေ့ရပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ ဘတ်ဂျက်အတွက် နောက်ဆုံးထည့်ဝင် ထားမှုဟာ ၂၀၂၀ ဇွန်လ ၁ ရက်နေ့က ဖြစ်ပြီး ငွေပမာဏ ကတော့ ဒေါ်လာ ၂၈၀၅၃၄ ဖြစ်တာကို တွေ့ရပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ဆိုင်ရာ နယူးယောက်က မြန်မာသံရုံးအတွက် အရံ ရန်ပုံငွေ ဒေါ်လာ ၂.၆ သန်း Bank of America အကောင့်ထဲမှာ ၂၀၂၁ ဖေဖေါ်ဝါရီ အထိ ရှိနေခဲ့ကြောင်းနဲ့ အခု အဲဒီငွေတွေ ဘယ်ရောက်ကုန်လဲ ဆိုပြီး VOA ဌာနမှူးဟောင်း ဦးသန်းလွင်ထွန်း က ဦးကျော်မိုးထွန်းကို ဖေဖေါ်ဝါရီ ၆ ရက်နေ့က ဖေ့စ်ဘွတ်ကနေ မေးခွန်းထုတ်ထားပါတယ်။

————–

၂၀၂၀ မှ ၂၀၂၆ အထိ ကုလသမဂ္ဂဆီ နှစ်စဉ် ပုံမှန် ဘတ်ဂျက် ပေးသွင်းခဲ့တဲ့ နိုင်ငံများ နဲ့ စာရင်းဇယားတွေကို အောက်ပါ UN Website တွေမှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.un.org/en/ga/contributions/honourroll_2020.shtml (2020)

https://www.un.org/en/ga/contributions/honourroll_2021.shtml (2021)

https://www.un.org/en/ga/contributions/honourroll_2022.shtml (2022)

https://www.un.org/en/ga/contributions/honourroll_2023.shtml (2023)

https://www.un.org/en/ga/contributions/honourroll_2024.shtml (2024)

https://www.un.org/en/ga/contributions/honourroll_2025.shtml (2025)

https://www.un.org/en/ga/contributions/honourroll.shtml (2026)

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version