THN Public Media Blog သတင်း နိုင်ငံရေး စကစ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားတွေ အဖြစ် NUG သတ်မှတ်၊ အကုန်လုံးကို ဖမ်းဆီးမယ်
နိုင်ငံရေး

စကစ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားတွေ အဖြစ် NUG သတ်မှတ်၊ အကုန်လုံးကို ဖမ်းဆီးမယ်

ဒီဇင်ဘာ ၂၂ – ၂၀၂၅

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့ကာ မကြာခင်က ဖျက်သိမ်း လိုက်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် အားလုံး ကို အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကနေ မနေ့က ကြေညာလိုက်ပါတယ်။

အကြမ်းဖက်သမားတွေ အဖြစ် ကြေညာထားသူ အားလုံးကို ဖမ်းဆီးမှာ ဖြစ်ပြီး ဖမ်းဆီးရနိုင်ရေး တော်လှန်ရေးအင်အာစုတွေနဲ့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်းထားပါတယ်။

ဖမ်းဆီးမိပါက ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမျိုး မရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version