အောက်တိုဘာ ၂ – ၂၀၂၅
ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကနေ TNLA တအာင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတာ နဲ့ ပတ်သက်ပြီး TNLA TNLA ပြောခွင့်ရ မလွေးယေဦး က “စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့ သူကတော့ စစ်ရေးမှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည် ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ သတင်းဌာနတခုကို ပြောကြားသွားပါတယ်။
ဒါ့အပြင် ဆက်ပြောရာမှာ
“တပ်ဆုတ်ထားပြီ အခြေအနေမျိုးဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့တွင်းထဲမှာဆို စစ်ကောင်စီတပ်က ဝင်ရောက်ပြီးတော့မှ ထိန်းချုပ် နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်” “သင်ခန်းစာကတော့ အများကြီးရပါတယ်။ အများကြီးဆိုတဲ့ တိုက်ပွဲနဲ့ တချို့ဟာတွေက အားလုံးလည်း သူ့ထင်မြင်ယူဆချက်နဲ့ ရေးနေတာမျိုး တွေ ရှိတယ်။ တချို့ကလည်း စာတွေ ပေးပို့ပြီးတော့မှ ရေးသားတာ မျိုးတွေရှိပါတယ်။ ကျွန်မတို့ ဘက်ကလည်း သင်ခန်းစာတွေကတော့ ရယူပြီးတော့မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက် တွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သွားဖို့ ရှိပါတယ်”
“အားလုံးပူးပေါင်းဖို့အမြဲဆန္ဒရှိပါတယ်။ လော လောဆယ် ကတော့ ပူးပေါင်းလာတာမျိုးတွေရှိသလို မပူးပေါင်းပဲ ကျန်ရှိနေသေးတာလည်း ရှိပါတယ်။ အတတ်နိုင်ဆုံးကတော့ ကျွန်မတို့ဘက်ကတော့ တံခါးဖွင့် ထားပြီးတော့မှပူးပေါင်းဆောင် ရွက်ဖို့ အမြဲရှိပါတယ်”
“လောလောဆယ်ကတော့ကျွန်မတို့နဲ့ထပ်တူ ပါဝင်ပြီးတော့ ယုံကြည်စွာ ပါဝင်အားပေးတဲ့လူတွေကိုလည်း ကျွန်မတို့ဘက်က အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်။ ကျွန်မတို့ဘက်က လူထုနဲ့အတူပဲ ကျွန်မတို့ ရပ်တည် နေတာမျိုးတွေရှိပါတယ်။ တကယ်လို့ လောလောဆယ်မှာ မြင်တွေ့ နေရတဲ့ အပိုင်းဆိုရင် ကျွန်မတို့ဘက်က ပြန်လည် စစ်ဆေး ပြီးတော့မှ ပြန်လည် အားသာအောင်လုပ်မယ်ဆိုရင်တော့ အလှည့် အပြောင်းတွေရှိလာနိုင်ပါတယ်”လို့ ပြောကြားသွားပါတယ်။
People’s Spring ကို ပြောကြားချက်မှာ ကောက်နုတ်ဖေါ်ပြထားပါတယ်။
Crd – People’s Spring