THN Public Media Blog သတင်း နိုင်ငံတကာ မန်ချက်စတာ ဂျူးဘုရားကျောင်း တိုက်ခိုက်မှု နှစ်ဦးသေဆုံး တိုက်ခိုက်သူလို့ သံသယ ရှိသူကို ရဲက ပစ်သတ်
နိုင်ငံတကာ

မန်ချက်စတာ ဂျူးဘုရားကျောင်း တိုက်ခိုက်မှု နှစ်ဦးသေဆုံး တိုက်ခိုက်သူလို့ သံသယ ရှိသူကို ရဲက ပစ်သတ်

အောက်တိုဘာ ၂ – ၂၀၂၅

မန်ချက်စတာမြို့က ရဟူဒီ ဘုရားရှိခိုးကျောင်း (Synagogue) တခုမှာ ကားနဲ့တိုက်ပြီး ဓားနဲ့ထိုးတဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးသွားပါတယ်။

တိုက်ခိုက်တဲ့ သံသယရှိသူ ကိုလည်း ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံး သွားပါတယ်။ သံသယ ရှိသူ ခန္ဓာကိုယ်မှာ “သံသယဖြစ်ဖွယ် အရာဝတ္ထုတွေ” ပါရှိနေတာကြောင့် အခြေအနေကို အတည် မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

“နောက်ဆုတ်ကြ၊ သူ့မှာ ဗုံးရှိတယ်” လို့ ရဲက အခင်းဖြစ်ရာနေရာမှာ လူတွေကို သတိပေးနေတဲ့ ရုပ်သံတွေ ပေါ်ထွက်လာပြီး သံသယရှိသူ ခါးပတ်မှာ ပစ္စည်းတွေ ပတ်ထားတဲ့ ပုံလည်း ထွက်လာပါတယ်။

တိုက်ခိုက်ခံရတဲ့ နောက်ထပ် အရပ်သား သုံးဦးမှာ အခြေအနေ စိုးရိမ်ရဆဲ ဖြစ်ပြီး၊ ဒီကနေ့ဟာ ဂျူးဘာသာဝင်တွေ အမြတ်ဆုံးဖြစ်တဲ့ Yom Kippur နေ့ဖြစ်သည့်အတွက် လူအများအပြားဟာ မန်ချက်စတာမြို့ရဲ့ Heaton Park Synagogue မှာ ဝတ်ပြုနေကြတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

မျက်မြင်သက်သေတဦး ပြောတာက ရဲကနေ သံသယရှိသူကို “နှစ်ကြိမ် သုံးကြိမ် သတိပေးပေမယ့် နားမထောင်တဲ့ အတွက် ပစ်ခတ်လို က်တယ်…’’ လို့ ပြောပြပါတယ်။

ယူကေ ဝန်ကြီးချုပ် ကီယာ စတာမား ဟာ ဒိန်းမတ်နိုင်ငံ ခရီးစဉ်ကို အစောတလျင် အဆုံးသတ်ခဲ့ပြီး ယူကေ နိုင်ငံတဝန်းရှိ ဂျူးဘုရားကျောင်း တွေမှာ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ အင်အားကို ထပ်မံချထားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version