THN Public Media Blog သတင်း နိုင်ငံရေး ထရမ့်ရဲ့ ကြီးကြပ်မှုနဲ့ ‘သမိုင်းဝင်’ ထိုင်း-ကမ္ဘောဒီးယား ‘ငြိမ်းချမ်းရေး သဘောတူ စာချုပ်’ လက်မှတ်ရေးထိုး
နိုင်ငံရေး

ထရမ့်ရဲ့ ကြီးကြပ်မှုနဲ့ ‘သမိုင်းဝင်’ ထိုင်း-ကမ္ဘောဒီးယား ‘ငြိမ်းချမ်းရေး သဘောတူ စာချုပ်’ လက်မှတ်ရေးထိုး

အောက်တိုဘာ ၂၆ – ၂၀၂၅

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်း အ‌ဝေးကို တက်ရောက်ဖို့ ဒီကနေ့ ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ကာလ ကြာရှည် နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ အကြား ချုပ်ဆိုတဲ့ “ငြိမ်းချမ်းရေး သဘောတူစာချုပ်” လက်မှတ်ရေးထိုး ပွဲကို ကြီးကြပ် ပေးခဲ့ပြီး၊ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးကာ “သမိုင်းဝင်” သဘောတူညီချက် လို့ ချီးကျူး ပြောကြားလိုက် ပါတယ်။

သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေး ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်း မှာ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ခဲ့ပြီး၊ ဒီပဋိပက္ခ ကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့ရတဲ့ (၅) ရက်ကြာ တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီချုပ် အပြီး အမေရိကန်ပြည်ထောင်စု နဲ့ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ရဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မလေးရှားမှာ ရှိနေစဥ် ထရမ့် ဟာ အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ် အစည်းအဝေးတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ဟာ တပတ်ကြာ အရေးပါတဲ့ ခရီးစဉ် အဖြစ် အာရှကို ထွက်လာတာ ဖြစ်ပြီး အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ် နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက် APEC အစည်းအဝေး အတွက် တောင်ကိုရီးယား ကို ခရီးဆက်ကာ အဲ့ဒီမှာ တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version