THN Public Media Blog သတင်း War ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း၊ SNA တပ်စခန်းတချို့ နောက်ဆုတ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်
War နိုင်ငံရေး ပြည်တွင်း

ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း၊ SNA တပ်စခန်းတချို့ နောက်ဆုတ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်

စက်တင်ဘာ ၂၁၊၂၀၂၅

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ထဲက စခန်းချို့ကို SNA ရှမ်းနီ အမျိုးသားတပ်မတော် ဘက်က လက်လွှတ်လိုက် ရပြီးနောက် KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာ ပေးလိုက် ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်း အထန် တိုက်ခိုက် နေကြတာဖြစ် တယ်လို့သိရပါတယ်။

” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်စခန်း တချို့ လက်လွှတ် လိုက်ရတာပါ။ တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူ တိုက်ပေးနေတယ်။ ရှမ်းနီတပ်တွေက မြို့ကို လက်လွှတ်ခံမှာမဟုတ်ပါဘူး။” လို့ ဗန်းမောက်မြို့ ဒေသခံကပြောပါတယ်။

လက်ရှိဗန်းမောက်မြို့နယ်ထဲက မြစ်သေးချင်းရွာဘက်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ် ဘက်ကလည်း ညတုန်းက လေကြောင်းပစ်ကူ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးတွေ ရှိနေကြောင်း တိုက်ပွဲသတင်းတွေ အရသိရပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ မြစ်သေးချင်းရွာ ဘက်တွေမှာတော့ ကျေးရွာနေ ဒေသခံတွေ ပိတ်မိ နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက SNA စိုးမိုးနယ်မြေတွေ ဖြစ်ပါတယ်။

“ဗန်းမောက်မြို့ပေါ်နဲ့ ဗန်းမောက်အနောက်ဘက် နယ်မြေက SNAက စိုးမိုးထားပါတယ်။
ဗန်းမောက် တောင်ပိုင်းနဲ့ ဗန်းမောက်မြောက်ပိုင်း ကတော့ KIA/PDF က အရင်ထဲက နေရာ ယူထားတာ။ အခု SNA စိုးမိုး နယ်မြေတွေကိုပါ တိုက်ခိုက်လာတာပါ။” လို့ သူက ဆက်ပြောပါတယ်။

ဗန်းမောက်မြို့ အပါအဝင် SNA စိုးမိုးထားတဲ့နေရာတွေကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၅ ရက်မှာ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှု ၊ဒရုန်းဗုံး တိုက်ခိုက်မှု ၊လေကြောင်း တိုက်ခိုက်မှုတွေရှိနေပြီး လက်နက်ကြီးကြောင့် ဒေသခံ ထိခိုက်မှုရှိသလို ၊ နေအိမ်တွေလည်း မီးလောင် ပျက်စီးမှုရှိထားတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး SNA နဲ့ စစ်တပ် ဘက်ကလည်း မြို့ကို လက်မလွှတ်ရရေး အတွက် ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်ကြောင်းသိရပါတယ်။

Crd-VOM

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version