THN Public Media Blog သတင်း ပြည်တွင်း မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီဝင် ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ကို ဘဏ္ဍာပစ္စည်း တရားမဝင်ယူဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း
ပြည်တွင်း

မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီဝင် ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ကို ဘဏ္ဍာပစ္စည်း တရားမဝင်ယူဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း

နိုဝင်ဘာ ၂၁ – ၂၀၂၅

မန္တလေး PDF ဗဟိုဦးဆောင်ကော်မတီဝင် ၂ ဦးဖြစ်တဲ့ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ကိုနိုင်ကြီး တို့ကို ကာလတန်ဖိုး ကြီးမားတဲ့ တပ်ပိုင် ဘဏ္ဍာပစ္စည်း တရားမဝင် ထုတ်ယူသွားခဲ့မှုနဲ့ လက်ရှိ တာဝန်အားလုံး ရပ်ဆိုင်း လိုက်ပြီး ဖမ်းဆီးထိန်းသိမ်း အချုပ်ချထား ကြောင်း မန္တလေး PDF က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်လို ပစ္စည်းတွေ ဖြစ်ပြီး ဘယ်လောက် တန်ဖိုးကြီးမား တယ်ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်းမရှိပါ။

ဒီပစ္စည်းတွေကို အခုနှစ် သြဂုတ်လ ဗဟိုဦးဆောင်ကောမတီ အစည်း အဝေး မှာ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း နဲ့ စက်တင်ဘာလ တပ်မှူးများ စုံညီအစည်းအဝေးမှာလည်း ထပ်လောင်း အတည်ပြုပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုအချိန်အထိ ပြန်လည်အပ်နှံခြင်း မရှိဘဲ ဖြေရှင်းခြင်းလည်း မရှိတဲ့ အတွက် အခုလို အရေးယူတာလို့ ဖေါ်ပြထားပါတယ်။

မန္တလေး PDF ဟာ ထိန်းချုပ်နယ်မြေတချို့ရဲ့ ရွှေတွင်းလုပ်ကွက် တွေကနေ ဘဏ္ဍာငွေ အမြောက်အမြား ရရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတာ ဖြစ်ပါတယ်။

TNLA တအာင်းတပ်ဖွဲ့ကနေ မိုးကုတ် မိုးမိတ် ကနေ အခုလ ကုန်ပိုင်းမှာ ဆုတ်ခွာသွားမယ့်အပေါ် မန္တလေး PDF၊ မိုးကုတ်ဗျူဟာ နဲ့ တခြား PDF တွေ စုပေါင်းပြီး မိုးကုတ် ကို ဆက်ပြီးထိန်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာချိန်မှာ အခုလို မန္တလေး PDF ထပ်ပိုင်းအရာရှိ ၂ ဦး ဖမ်းဆီး ထိန်းသိမ်း ခံရတာလည်း ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version