အောက်တိုဘာ ၉ – ၂၀၂၅
မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးန မိုဟာမက် ဟာဆန် နဲ့ မြန်မာစစ်ကော်မရှင် ဥက္ကဌ တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ အတူ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီ အော့စ်မန် ဟာရှန် လည်း လိုက်ပါလာပြီး အတူ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးရာမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတာတွေကို တွေ့ရလို့ ဝမ်းမြောက် ကြောင်း၊ အာဆီယံ အနေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် ပေးမယ့် အကြောင်း၊ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အကြုံပြု ပြောကြား ကြောင်း နဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်မယ်လို့ ဆွေးနွေးသွားကြောင်း ဖေါ်ပြထားပါတယ်။
စစ်ကော်မရှင် ဥက္ကဌကလည်း ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊ အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပမယ့် NCA ၁၀ နှစ်ပြည့် အခမ်းအနားအကြောင်းနဲ့ ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီလမ်းဆက်လျှောက်မယ့်အခြေအနေအပါအဝင်
လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။