THN Public Media Blog သတင်း နိုင်ငံတကာ ဂါဇာ အပစ်အခတ်ရပ်စဲရေး အစ္စရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ
နိုင်ငံတကာ နိုင်ငံရေး

ဂါဇာ အပစ်အခတ်ရပ်စဲရေး အစ္စရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ

အောက်တိုဘာ ၁၀ – ၂၀၂၅

ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး ထရမ့်ရဲ့ အစီအစဉ် ကို အစ္စ‌ရေး ကက်ဘိနက်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဓားစာခံအားလုံး (အသက်ရှင်သူတွေ နဲ့ သေဆုံးသွားသူတွေပါ) ပြန်လွှတ်ရေး အတွက် အစီအစဥ်ဘောင် ကို အစိုးရအဖွဲ့က အတည်ပြု လိုက်တာလို့ ဆိုပါတယ်။

နေတန်ယာဟုက ဒါဟာ “သမိုင်းဝင် တိုးတက်မှု” ဟု ခေါ်ဆိုခဲ့ပြီး၊ သမ္မတ ဒေါ်နယ် ထရမ့် အပြင် အစ္စရေးဝန်ကြီး အဖွဲ့ အစည်းအဝေးကို တက်ရောက် ခဲ့ကြတဲ့ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် နဲ့ ထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်က အစ္စရေး ဓားစာခံတွေကို “တနင်္လာ သို့မဟုတ် အင်္ဂါနေ့” မှာ လွှတ်ပေးနိုင်တယ်လို့ ပြောပါတယ်။

သဘောတူညီချက် ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့က မနေ့ အစောပိုင်းက အီဂျစ်နိုင်ငံမှာ လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံကိစ္စ အပြင်၊ သဘောတူညီချက်ရဲ့ ပထမ အဆင့် မှာ အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ရာပေါင်း များစွာ ကို လွှတ်ပေးခြင်း၊ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ တချို့နေရာတွေကနေ စတင် ဆုတ်ခွာခြင်း နဲ့ ဂါဇာကို တစ်နေ့လျှင် အကူအညီ ကုန်တင်ကား ရာပေါင်း များစွာ ဝင်ရောက်ခြင်းတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ အချိန်အခါသမယ ဖြစ်ပေမယ့် အခုအချိန်ဟာ အပစ်အခတ် ရပ်စဲရေးသာ ဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက် မဟုတ်သေးပါ။

အခက်အခဲဆုံးသော ကိစ္စရပ်တွေဟာ စားပွဲပေါ်မှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version