အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုဝန်ကြီးတဦး ဖြစ်ခဲ့သူ မအိသဥ္ဇာမောင် က လူငယ်တွေကို နေရာပေးလိုတဲ့အတွက် NUG ထဲမပါဖို့ ဆုံးဖြတ်လိုက်တာလို့ မနေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သဘောထား ဖေါ်ပြထားပါတယ်။
‘’အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြုပြင်မှု ကို ကြိုဆိုပါတယ်။
ကျမ အနေနဲ့ တော်လှန်ရေးထဲ လူငယ်တွေကို တိုင်းပြည်ဦးဆောင်တဲ့ ကဏ္ဍ မှာ နေရာပေးချင်တဲ့ အတွက် ထပ်ပြီးပြန်လည်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ကနေ အနားယူခဲ့ပါတယ်။’’ လို့ ရေးသားထားတာပါ။
ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက် လစာ မယူဘဲ တာဝန်ထမ်းဆောင် ခဲ့ကြောင်းနဲ့ တော်လှန်ရေး အောင်မြင်သည် အထိ ကျရာ ကဏ္ဍ ကနေ မြေပြင်နဲ့ အနီးဆုံး၊ လူထုနဲ့ အနီးဆုံး ကနေ ဆက်လက် ပါဝင်နေမယ်လို့လည်း ဖေါ်ပြထားပါတယ်။
–
မအိသဥ္ဇာမောင် ရေးထားချက် အပြည့်အစုံ
——————————–
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြုပြင်မှု ကို ကြိုဆိုပါတယ်။
ကျမ အနေနဲ့ တော်လှန်ရေးထဲ လူငယ်တွေကို တိုင်းပြည်ဦးဆောင်တဲ့ ကဏ္ဍ မှာ နေရာပေးချင်တဲ့ အတွက် ထပ်ပြီးပြန်လည်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ကနေ အနားယူခဲ့ပါတယ်။
အသက် ၂၀ ကျော်ကတည်း က အစိုးရအဖွဲ့ထဲ စတင်တာဝန်ယူခဲ့ပြီး တော်လှန်ရေးကာလ နိုင်ငံရေး ဖြတ်သန်းမှု မှာ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ ရခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက် ကျမဝန်ကြီးရော ကျမပါ အကျိုးခံစားခွင့် လစာ မယူဘဲ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ကျမ က နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအဝိုင်း ထဲက လူဖြစ်တဲ့အတွက် တော်လှန်ရေးအောင်မြင်သည်အထိ ကျရာ ကဏ္ဍကနေ မြေပြင်နဲ့ အနီးဆုံး၊ လူထုနဲ့ အနီးဆုံးမှာ ရှိပြီး ဆက်လက်ပါဝင်နေပါမယ်။ တာဝန်ယူခဲ့နေစဉ် ကာလတလျောက်မှာ လိုအပ်ချက် ရှိခဲ့မှုများ အတွက်လည်း ပြည်သူလူထု ကို တောင်းပန်ပါတယ်။ ထို့အတူ နှုတ်၏စောင်မခြင်း၊ လက်၏ စောင်မခြင်းနဲ့တကွ ကူညီပေးခဲ့တဲ့ ပြည်သူလူထုတဦးတယောက်ခြင်းစီတိုင်း အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဆက်ပြီး တာဝန်ယူမယ့် ကျမတို့ရဲ့ ခေါင်းဆောင်တွေ အားလုံး ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
“ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်”
—————————
THN Public Media
