THN Public Media Blog သတင်း နိုင်ငံရေး မြန်မာနိုင်ငံခရီးစဥ်မှာ အကြမ်းဖက်မှုတွေရပ်စဲဖို့၊ အရပ်ဘက်ကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ အပစ်ရပ်စဲရေးကြေညာဖို့ ၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး တို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
နိုင်ငံရေး သတင်း

မြန်မာနိုင်ငံခရီးစဥ်မှာ အကြမ်းဖက်မှုတွေရပ်စဲဖို့၊ အရပ်ဘက်ကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ အပစ်ရပ်စဲရေးကြေညာဖို့ ၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး တို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

အောက်တိုဘာ ၁၁ – ၂၀၂၅

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ အောက်တိုဘာ ၉ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဥ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဥ်အတွင်း မြန်မာစစ်ကော်မရှင် ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် ဦးညိုစော နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဆွေးနွေးရာမှာ မစ္စတာ ဟာဆန် က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မှာ ပါတဲ့ အဓိက အချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်စဲပြီး လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးရေးနဲ့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးဖို့ကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်တာတွေ ရပ်စဲဖို့၊ အပစ်အခတ် ရပ်စဲရေး ကြေညာဖို့တို့ကို တိုက်တွန်းခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးခဲ့တဲ့ အချက် တွေကို မြန်မာ စစ်ကော်မရှင် ဥက္ကဌ နဲ့ ဦးသန်းဆွေ တို့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာရှိတဲ့ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းစဥ် မူတွေ အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပသင့်ကြောင်းလည်း ပြောခဲ့ကာ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး စေလွှတ်ဖို့ ဖိတ်ကြားတဲ့ အပေါ် မလေးရှား ရွေးကောက်ပွဲ ကော်မရှင် (SPR) ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

နယ်မြေဖြတ်ကျော် ရာဇဝတ်မှု ကိစ္စ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ အွန်လိုင်း လိမ်လည်မှုတွေ ကိုင်တွယ်ဖြေရှင်းရေး အပါအဝင် အရှေ့တီမော အာဆီယံ အဖွဲ့ဝင်ဖြစ်ရေး တို့ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ အရေး အဓိက အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

မလေးရှား အနေနဲ့ မြန်မာ့အရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ တက်ကြွစွာ ဆက်လက် ထိတွေ့ ဆက်ဆံသွားမယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version