THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်
နိုင်ငံတကာ နိုင်ငံရေး

သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်

GLENDALE, ARIZONA - SEPTEMBER 21: U.S. President Donald Trump speaks during the memorial service for political activist Charlie Kirk at State Farm Stadium on September 21, 2025 in Glendale, Arizona. Kirk, the CEO and co-founder of Turning Point USA, was shot and killed on September 10th while speaking at an event during his "American Comeback Tour" at Utah Valley University. (Photo by Joe Raedle/Getty Images

စက်တင်ဘာ ၂၂ – ၂၀၂၅

ချာလီကာ့ခ် အတွက် အောက်မေ့ဖွယ် အခမ်းအနားကို အရီဇိုးနားပြည်နယ် State Farm အားကစားကွင်းမှာ ကျင်းပရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တက်ရောက်လာတဲ့ လူ ၁ သိန်း နီးပါး ရှေ့မှာ ကွန်ဆာဗေးတစ် လှုပ်ရှားသူ ချာလီ ကာ့ခ် ကို “ကြီးမြတ်တဲ့ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူး ပြောဆို လိုက်ပါတယ်။

“သူက အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်သူပါ” လို့ ထရမ့်က ကာ့ခ်အကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်း အတွက် ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ထဲက ဘယ်သူမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ပ။ သမိုင်းကလည်း မမေ့ပါဘူး” လို ပြောကြားပါတယ်။

ထရမ့်က သူနဲ့ ကာ့ခ် ဟာ သဘောမတူတဲ့ အချက်တချက် ရှိတယ်လို့ ပြောခဲ့ပါတယ်။
“သူက သူ့ပြိုင်ဘက်တွေကို မမုန်းဘူး၊ သူတို့အတွက် အကောင်းဆုံး ဖြစ်စေချင်တယ်” “အဲဒီအချက်မှာ ကျွန်တော် ချာလီနဲ့ သဘောမတူဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ပြိုင်ဘက်တွေကို မုန်းတယ်၊ သူတို့အတွက် အကောင်းဆုံးဖြစ်စေချင်တာ မရှိဘူး” လို့ ပြောပါတယ်။

မိန့်ခွန်းအဆုံးမှာတော့ ထရမ့်က ကာ့ခ်ကို “သူ့မျိုးဆက်ရဲ့ ကြီးမြတ်သူ” အဖြစ် ဖော်ပြခဲ့ပါတယ်။
အဒီနောက် ထရမ့်ဟာ ကာ့ခ် ဇနီး ကို စင်ပေါ်မှာ ပွေ့ဖက် အားပေး နှစ်သိမ့်ခဲ့ရာ ပရိသတ်က လက်ခုပ်တီးအာပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က သေနတ်နဲ့ ပစ်သတ် လုပ်ကြံ ခံခဲ့ရတဲ့ ကာ့ခ်ရဲ့ နိုင်ငံရေး အမွေအနှစ်ကို ချီးကျူးပြောကြားဖို့ အတွက် ဒုတိယသမ္မတ ဂျေဒီဗန့်စ် အပါအဝင် ထရမ့် အစိုးရအဖွဲ့က ထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန် အချိန် စက်တင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ ထရမ့်က အဓိက ဟောပြောသူ ဖြစ်ခဲ့ပါတယ်။

ကာ့ခ်ရဲ့ ဇနီး Erika ကလည်း သူမရဲ့ ခင်ပွန်းကို သတ်ခဲ့တဲ့ စွပ်စွဲခံရသူ ကို ခွင့်လွှတ်ကြောင်း ပြောကြားခဲ့ပေမယ့် မျက်ရည်တွေနဲ့ မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။
“ကျွန်မခင်ပွန်း ချာလီဟာ သူ့အသက်ကို နုတ်ယူသွားခဲ့တဲ့ လူငယ်လို လူငယ်တွေကို ကယ်တင်ချင်ခဲ့တာပါ” လို့ သူမက ပြောကြားခဲ့ပြီး “ခရစ်တော်လုပ်ဆောင်မှု အတိုင်း ကျွန်မ သူ့ကို ခွင့်လွှတ်ပါတယ်။ အမုန်းအတွက် အဖြေက အမုန်း မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။

အခမ်းအနားမတိုင်မီ ထောင်သောင်းချီတဲ့ လူတွေဟာ အားကစားကွင်း အပြင်ဘက်မှာ နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းခဲ့ကြပြီး အချို့ကမူ နေရာ ရရှိဖို့ အတွက် တညလုံးပင် စခန်းချခဲ့ကြတာ ဖြစ်ပါတယ်။

တက်ရောက်လာကြတဲ့ လူအများအပြားဟာ Make America Great Again (MAGA) ဦးထုပ်တွေ၊ အခြား ထရမ့်တံဆိပ်ပါ ပစ္စည်းတွေနဲ့ အနီ၊ အဖြူ အပြာရောင် ဝတ်စုံတွေကို ဝတ်ဆင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version