THN Public Media Blog သတင်း နိုင်ငံရေး 7 EAO Alliance အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဘုံသဘောထားတွေ ချမှတ်
နိုင်ငံရေး ပြည်တွင်း သတင်း

7 EAO Alliance အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဘုံသဘောထားတွေ ချမှတ်

စက်တင်ဘာ ၂၃ – ၂၀၂၅

ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ပြန်လည်သုံးသပ်ခြင်း အစီအစဥ် ဆိုင်ရာ ဘုံသဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန် ထားပါတယ်။

လာမယ့် အောက်တိုဘာလ (၁၅) ရက်နေ့ ကျရောက်မယ့် (၁၀) နှစ်မြောက် NCA နှစ် ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ အစီအစဥ်တွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ၊ နိုင်ငံတကာ အခင်း အကျင်း နဲ့ ဖြစ်ပေါ်လာနိုင်ဖွယ် အလားအလာတွေကို သုံးသပ်ဆွေးနွေး ခဲ့ကြ ပါတယ်။

အစည်းအဝေးကို ဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနဲ့ အတူ အဖွဲ့ဝင်တွေ၊ အကြံပေးတွေ၊ အထူးဖိတ်ကြား ထားသူတွေ တက်ရောက် ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version